Home
နိုင်ငံတကာ
ချီလီနိုင်ငံတွင် ငါးဖမ်းလုပ်ကွက်ခွဲတမ်းအတွက် ဆန္ဒပြမှု ဖြစ်ပွား
DVB
·
March 27, 2025
photo:Reuters

ချီလီနိုင်ငံရှိ မိရိုးဖလာတံငါသည်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ငါးဖမ်းလုပ်ကွက်ခွဲတမ်းကို တောင်းဆိုတဲ့ ဆန္ဒပြမှုတွေမှာ မတ် ၂၅ ရက်က ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး အထက်လွှတ်တော်မှာလည်း ဒီကဏ္ဍအတွက် အဓိကကျတဲ့ ဥပဒေကြမ်းကို ဆွေးနွေးနေပါတယ်။

ငါးဖမ်းကွက် ခွဲတမ်းချခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုနေချိန်မှာ အလုပ်သမားသမဂ္ဂဝင် မိရိုးဖလာ ငါးဖမ်းသမားတွေဟာ ဗားလ်ပရေ့ဆိုမြို့မှာ ကွန်ဂရက်ကို ချီတက်ခဲ့ကြပြီး သူတို့ရဲ့တောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အထက်လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်ဆွေးနွေးပွဲကို လမ်းပေါ်မှ ကြီးမားတဲ့ တီဗီဖန်သားပြင်တွေမှာ ပြသခဲ့ကြောင်း ချီလီမီဒီယာတွေက သတင်းထုတ်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ဆန္ဒပြသူတွေဟာ ကွန်ဂရက်လွှတ်တော်ကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လူစုလူဝေးကို ရှင်းလင်းဖို့ မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယိုဗုံးတွေကို အသုံးပြုခဲ့ပါတယ်။

မိရိုးဖလာ တပိုင်တနိုင် ငါးဖမ်းသမားတွေဟာ အထက်လွှတ်တော်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အောက်လွှတ်တော်မှ အတည်ပြုထားတဲ့ မူလဥပဒေကြမ်းဟာ သူတို့ရဲ့ခွဲတမ်း လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ပြောကြပါတယ်။

အဲဒီဥပဒေမူကြမ်းဟာ ငါးဖမ်းလုပ်ငန်းခွဲတမ်းတွေ ပြန်ချပေးဖို့ ရည်ရွယ်ထားပြီး ဒေသအသီးသီးရှိ လုပ်ငန်းအဆင့်နဲ့ လက်လုပ်လက်စားအဆင့် ငါးဖမ်းလုပ်ငန်းအတွက် တရားဝင်ဖမ်းဆီးရမိမှု ကန့်သတ်ချက်တွေကို ပြဋ္ဌာန်းထားပါတယ်။

အထက်လွှတ်တော်ဟာ မတ် ၂၆ ရက်မှာ တပိုင်တနိုင်အဆင့်နဲ့ လုပ်ငန်းအဆင့် ငါးဖမ်းလုပ်ငန်း ကိုယ်စားလှယ်တွေဆီမှ ကြားနာမှုတွေနဲ့အတူ ဆွေးနွေးပွဲတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013