
အမေရိကန်အရှေ့မြောက်ပိုင်းက အဓိကမြို့ကြီးတွေမှာ သန်းနဲ့ချီတဲ့လူတွေဟာ ဇန်နဝါရီ ၂၄ ရက်က စံချိန်တင်မြင့်တဲ့ အပူချိန်နဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းကတည်းက နိုင်ငံအများအပြားကို ပျံ့နှံ့ခဲ့တဲ့ အပူလှိုင်းရဲ့ အဆိုးရွားဆုံးနေ့ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။
နယူးယောက်မြို့ရဲ့ စင်ထရယ်ပန်းခြံမှာ အပူချိန် ၉၉ ဒီဂရီ ဖာရင်ဟိုက် ( ၃၇ဒီဂရီ စဲလ်စီးယပ်စ်)ထိ ရောက်နိုင်ပြီး ဧရိယာရဲ့ အရင်အမြင့်ဆုံး အပူချိန် ၉၆ ဒီဂရီ ဖာရင်ဟိုက်ကို ကျော်လွန် ရောက်ရှိနိုင်ပါတယ်။
နိုင်ငံမြောက်ပိုင်းက ဂျော်ဂျီယာ၊ ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလန်းနဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တို့အပါအဝင် အမေရိကန်အရှေ့ပိုင်းက တခြားဒေသတွေမှာလည်း အပူရှိန် စံချိန်တင်ဖို့ အလားအလာ ရှိနေတယ်လို့ အမျိုးသားမိုးလေဝသဌာန NWS က ပြောပါတယ်။
နိုင်ငံအရှေ့ပိုင်းတဝက်မှာ ရိုက်ခတ်နေတဲ့ အပူလှိုင်းကြောင့် မြင့်တက်လာတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အမြင့်ဆုံး အင်အားနဲ့ လည်ပတ်ရေး အဆင်သင့်ဖြစ်စေဖို့ အမေရိကန် လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက ညွှန်ကြားထားပါတယ်။
နယူးယောက်မြို့က အဓိကရင်းနှီးမြုပ်နှံသူပိုင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းဖြစ်တဲ့ ကွန်အက်ဒီဆင်ရဲ့ ဖောက်သည်ထောင်ပေါင်းများစွာဟာ ပူပြင်းတဲ့ အပူချိန်ကြောင့် လျှပ်စစ်မီး ပြတ်တောက် သွားခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ နယူးယောက်မှာ မြင့်မားတဲ့ အပူချိန်ဟာ (၃၅ ဒသမ ၆ စင်တီဂရိတ်) စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ AccuWeather ဌာနရဲ့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Source:Reuters