
မန်ယူနိုက်တက်အသင်းဟာ အမ်ဘူမိုအတွက် ဘရန့်ဖို့ဒ်အသင်းကို ပေါင်သန်း ၆၀ ကျော်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။
ပထမတကြိမ် ကမ်းလှမ်းမှုက ပေါင် ၅၅ သန်းသာရှိတာကြောင့် ဘရန့်ဖို့ဒ်အသင်းက လက်မခံဘဲ ပယ်ချခဲ့တာပါ။
ဒုတိယအကြိ မ်ကမ်းလှမ်းမှုဟာ ပေါင်သန်း ၆၀ ကျော်တာကြောင့် ဘရန့်ဖို့ဒ်ဘက်က အလိုရှိတဲ့ပမာဏအတိုင်းဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ရှိပါတယ်။
မန်ယူအသင်းဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်မှာ ၄၄ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး တန်းမဆင်းရတဲ့ အသင်းတွေထဲမှာ ဒုတိယအနည်းဆုံးအသင်း ဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာ ဝုဗ် တိုက်စစ်ကစားသမား ကူညာကိုလည်း ခေါ်ယူထားတဲ့ မန်ယူအသင်းဟာ အမ်ဘူမိုကို အပြီးသတ် ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။