Home
နိုင်ငံတကာ
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်အပေါ်စွဲထားသည့် ငွေကြေးခဝါချမှု ရပ်ဆိုင်းပေး
DVB
·
June 21, 2025
Photo :Reuters

မလေးရှားနိုင်ငံ တရားရုံးချုပ်ဟာ နိုင်ငံတော်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံမှာ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထောင်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇတ်ကို ပြစ်မှုကနေ လွှတ်ပေးပြီး လုံးဝ တရားသေလွတ်မြောက်တာတော့ မဟုတ်ကြောင်း နာဂျစ်ဘ်ရဲ့ရှေ့နေက ဇွန် ၂၀ ရက်မှာပြောပါတယ်။

နာဂျစ်ဘ်ဟာ မလေးရှားဖွံ့ဖြိုးတိုးတက်ရေး အများနဲ့ဆိုင်တဲ့ကုမ္ပဏီရဲ့ လုပ်ငန်းခွဲဟောင်း ဖြစ်တဲ့ SRC International မှ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့လို့ ၂၀၂၂ ခုနှစ် သြဂုတ်လမှစပြီး ထောင်ဒဏ်ကျခံနေရတာပါ။

မလေးရှားနဲ့ အမေရိကန်အာဏာပိုင်တွေအဆိုအရ ရှုပ်ထွေးပြီး ကမ္ဘာအနှံ့ ကျယ်ပြန့်တဲ့ စီမံကိန်း ပရောဂျက်ကနေ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံလောက် ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။

လုပ်ထုံးလုပ်နည်း နှောင့်နှေးမှုတွေကြောင့် ၂၀၁၉ ခုနှစ်ကတည်းက အမှုကို အကြိမ်ကြိမ် ရပ်တန့်နေခဲ့ပြီး ကွာလာလမ်ပူ တရားရုံးချုပ်ဟာ တရားသေလွှတ်ခြင်း မဟုတ်တဲ့ ပြစ်မှုမဖျက်သိမ်းဘဲ လွှတ်ပေးဖို့ နာဂျစ်ဘ်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးလိုက်တယ်လို့ နာဂျစ်ဘ်ရဲ့ ရှေ့နေက သတင်းထောက်တွေကို ပြောပါတယ်။

နာဂျစ်ဘ်ဟာ SRC International မှ ရင်းဂစ် ၂၇ သန်း (ဒေါ်လာ ၆ ဒသမ ၄ သန်း) အလွဲသုံးစားလုပ်မှုနဲ့ ငွေကြေးခဝါချမှု ၃ ခုကိုလည်း ရင်ဆိုင်နေရတာပါ။

သောကြာနေ့ စီရင်ချက်ဟာ နာဂျစ်ဘ်ကို တင်သွင်းထားတဲ့ 1MDB ဆိုင်ရာ စွဲချက်တွေကို ဒုတိယကြိမ် ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ 

မနှစ်တုန်းကလည်း တရားရုံးတရုံးဟာ ဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံရဲ့ဘဏ္ဍာရေးမှူးဟောင်းတို့ကို အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုထားတဲ့အမှုတွေမှာ လုပ်ထုံးလုပ်နည်း နှောင့်နှေးမှုတွေကြောင့် ပြစ်မှုမဖျက်သိမ်းဘဲ လွှတ်ပေးခြင်း DNAA တောင်းဆိုမှုကို ခွင့်ပြုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက နာဂျစ်ဘ်ဟာ 1MDB အမှုမှာ အစိုးရရဲ့ စာရင်းစစ် စစ်ဆေးမှုကို ချိုးဖေါက်မှုနဲ့ သီးခြားစွဲချက်တင်ထားတာကနေ တရားသေလွတ်မြောက်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013