Home
အားကစား
ရီးရဲလ်တွင် ဆက်ရှိနေရန် အချက် ၂ ချက်အပေါ်မူတည်ဟု ရိုဒရီဂို ပြော
DVB
·
June 11, 2025
Photo :Reuters

ဘရာဇီးတောင်ပံကစားသမား  ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ်အပေါ် အချက် ၂ ချက် အပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ သိရပါတယ်။ 

ရိုဒရီဂိုဟာ နည်းပြအန်စလော့တီလက်ထက်မှာ အသင်းရဲ့အဓိက ကစားသမားဖြစ်လာပေမဲ့ တိုက်စစ်မှူး အမ်ဘာပေနဲ့ ဘယ်လင်ဂမ်တို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ပွဲကစားချိန် နည်းပါးလာခဲ့တာပါ။

ရိုဒရီဂို အနေနဲ့ အသင်းဘက်က သူ့အပေါ် အရေးပါတဲ့ ကစားသမားတယောက်အဖြစ် သတ်မှတ်ထားမှသာ အသင်းမှာဆက်ရှိ မှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအချက်အနေနဲ့ ဘယ်တောင်ပံနေရာမှာပဲ ကစားချင်ပြီး ညာတောင်ပံမှာ ကစားစေမယ်ဆိုရင် အသင်းကနေ ပြောင်းရွှေ့ဖို့ လုပ်ဆောင်မယ်လို့ အသင်းဆီ အသိပေးထားကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။ 

ရိုဒရီဂိုကို ခေါ်ယူဖို့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေက ချိတ်ဆက်နေကြတယ်လို့ သိရပါတယ်။ 

Photo: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024