
ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် ဖြေကြားဖို့ လီဗာပူးကွင်းလယ်လူ မက်အယ်လစ္စတာက ငြင်းဆိုသွားပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားတယောက်ဖြစ်သူ အယ်လစ္စတာဟာ လီဗာပူးမှာ စွမ်းဆောင်ရည်ကောင်း ပြသနေတာကြောင့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခံနေရသူပါ။
မီဒီယာတခုနဲ့ အင်တာဗျူးမှာတော့ ရီးရဲလ်နဲ့ အပြောင်းအရွှေ့သတင်းတွေ တွေ့မြင်နေရပေမဲ့ လီဗာပူးအသင်းအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း၊ အသင်းအပေါ် လေးစားမှုရှိရမှာဖြစ်လို့ တခြားအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေအကြောင်း ပြောကြားဖို့ မလိုအပ်ကြောင်း မက်အယ်လစ္စတာက ပြောသွားပါတယ်။
လီဗာပူးမှာ ခြေစွမ်းမပြနိုင်တဲ့ ပွဲစဉ်တပွဲလောက် ရှိလာချိန်မှာ တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရှိတော့မှာမဟုတ်ကြောင်းလည်း မက်အယ်လစ္စတာက ပြောသွားပါတယ်။