Home
မြန်မာသတင်း
ပုလဲမြို့နယ် ကန်ထောင့်စခန်းသိမ်းတိုက်ပွဲ၌ PLA က ဂျက်ဖိုက်တာ ၁ စင်းကို ပစ်ချ
DVB
·
June 10, 2025
Photo: PLA

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန်ထောင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်တပ်ရဲ့ ဂျက်တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။

PLA ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်နီနီကျော်က “ဒီနေ့ ဂျက်ဖိုက်တာတစင်း ဗုံးချဖို့ပေါ့နော်၊ ဗုံးကြဲဖို့ ပျံလာတဲ့အချိန်မှာ ကျမတို့ရဲဘော်တွေက PLA က ရဲဘော်တွေက ပစ်ချလိုက်တယ်။ ဂျက်ဖိုက်တာ ပျက်ကျသွားတယ်။ အဲဒါကတော့ ကျိန်းသေတယ်ပေါ့နော်” လို့ DVB ကို ပြောပါတယ်။

အဲဒီလေယာဉ်ကို ဇွန် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ပစ်ချနိုင်ခဲ့တာလို့ သူကဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေနဲ့ မှတ်တမ်းဓာတ်ပုံတွေ ရရှိနိုင်ဖို့ ကြိုးစားနေပြီး ထပ်မံထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

PLA တပ်တွေဟာ ကန်ထောင့်ရဲစခန်းကို ဇွန် ၂ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း သူတို့ကိုထောက်ခံတဲ့ အင်မထီးရွာကနေတဆင့် လူအင်အား၊ ရိက္ခာ၊ ခဲယမ်းတွေ ဖြည့်တင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒါ့အတူ စခန်းသိမ်းတိုက်ပွဲ စတင်ကတည်းက လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေပြီး အခုချိန်ထိဆို ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချခဲ့ပြီးပြီလို့ သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013