Home
နိုင်ငံတကာ
ဝါရှင်တန်တွင် LGBTQ+ အခွင့်အရေးအတွက် သမ္မတထရမ့်ပ်ကို ချီတက်ဆန္ဒပြ
DVB
·
June 8, 2025
Photo: REUTERS/Annabelle Gordon

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ LGBTQ+ အခွင့်အရေးတွေ ရုပ်သိမ်းလာတာကို ဆန့်ကျင်တဲ့ အနေနဲ့ ကမ္ဘာတလွှားက ထောက်ခံသူတွေဟာ ဝါရှင်တန်မှာ ဇွန် ၇ ရက်နေ့က စုဝေးချီတက်ခဲ့ကြပါတယ်။

ကက်ပီတယ်လ်လွှတ်တော်ကို နောက်ခံထားပြီး ပင်ဆီလ်ဗေးနီးယားရိပ်သာလမ်းပေါ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ စုဝေးအင်အားပြခဲ့ကြပါတယ်။ တက်ရောက်သူအရေအတွက် အတိအကျကိုတော့ ရဲတပ်ဖွဲ့ကကော၊ ပွဲစီစဉ်သူတွေကပါ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

ထရမ့်ပ် သမ္မတပြန်ဖြစ်လာကတည်းက transgender တွေ တပ်ထဲမှာ တာဝန်ထမ်းခွင့်ပိတ်တာ၊ LGBTQ+ တွေကို ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး မူဝါဒတွေ၊ အစီအစဉ်တွေကို ဖျက်သိမ်းပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင်မှု (DEI) စီမံချက်တွေကို ပယ်ဖျက်တာဟာ ထရမ့်ပ်ရဲ့ မဲဆွယ်ကတိတခု ဖြစ်ပါတယ်။ 

“ကျုပ်တို့ ဒီလောက်များများ ရှိတယ်ဆိုတာ အင်အားပြတာပါ။ ကျုပ်တို့ရဲ့ ရပ်တည်ချက်၊ ကျုပ်တို့ရဲ့သတ္တိနဲ့ ပြန်တိုက်ရဲတယ်ဆိုတာ ပြသတာပါ” လို့ ဝါရှင်တန် ဒီစီဒေသခံ  နစ်ကီဆန့်ဒ်က ပြောပါတယ်။ 

အစိုးရက မထောက်ခံပေမဲ့ ချစ်ခြင်းတရား၊ ညီညွတ်မှု၊ စည်းလုံးမှုတွေနဲ့အတူ LGBTQ+ အသိုက်အဝန်းကို ထောက်ခံသွားမယ်ဆိုတာကို ပြသတာလို့ ဝါရှင်တန်ဒီစီ ဒေသခံ ဘီဗာလေး စကာရီးက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013