Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် အီလွန်မတ်စ်ခ် ဆက်ဆံရေးပြိုကွဲပြီး အပြန်အလှန် ဝေဖန်တိုက်ခိုက်နေ 
DVB
·
June 6, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာသူဌေး အီလွန်မတ်စ်ခ်တို့အကြား ရင်းနှီးတဲ့ဆက်ဆံရေး ပြိုကွဲသွားပြီး လူမှုကွန်ရက်မှာ အပြန်အလှန် အချေအတင် ပြောဆိုမှုတွေ ဖြစ်နေပါတယ်။

အီလွန်မတ်စ်ခ်ဟာ ထရမ့်ပ်ရဲ့ အခွန်ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်က ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

ထရမ့်ပ်က ကြာသပတေးနေ့ ဘဲဥပုံရုံးခန်းမှာ ဂျာမန်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ အီလွန်မတ်စ်ခ်ကို စိတ်ပျက်မိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

တုံ့ပြန်ချက်အနေနဲ့ အီလွန်မတ်စ်ခ်က ဆိုရှယ်မီဒီယာ X မှာ ထူးခြားတဲ့ တိုက်ခိုက်မှုတွေနဲ့ ပို့စ်တွေ ဆက်တိုက်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ဂျက်ဖရီအက်စတိန်းရဲ့ ထုတ်ပြန်မထားတဲ့ ဖိုင်တွေထဲမှာ ထရမ့်ပ်က ပါဝင်ပတ်သက်တဲ့ သက်သေမရှိပေမဲ့ ပါဝင်တယ်လို့ အကြံပြုထားပါတယ်။

ထရမ့်ပ်ကလည်း လူမှုကွန်ရက်မှာ အီလွန်မတ်စ်ခ်ဟာ ရူးသွားပြီဆိုတဲ့ ပို့စ်တွေ တင်ပြီး အုပ်ချုပ်ရေးအဖွဲ့ကနေ ထွက်ခွါဖို့ ‌တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ပ်က အီလွန်မတ်စ်ခ်ရဲ့ ကုမ္ပဏီတွေကို အစိုးရက ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖြတ်တောက်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ထရမ့်ပ်နဲ့ အီလွန်မတ်စ်ခ်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်အတွင်း Tesla ရဲ့ တန်ဖိုးဟာ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁ ထရီလီယံအောက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အီလွန်မတ်စ်ခ်က အမေရိကန် အာကာသယာဉ်မှူးတွေအတွက် အရေးပါတဲ့ SpaceX အာကာသယာဉ် အသုံးပြုခွင့်ပေးတာကို ဖျက်ပစ်မယ်လို့ အစောပိုင်းက ခြိမ်းခြောက်မှုကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

အီလွန်မတ်စ်ခ်ဟာ အစိုးရအကျိုးထိရောက်မှုဌာနကနေ ပြီးခဲ့တဲ့အပတ်က နုတ်ထွက်ခဲ့သူဖြစ်ပြီး ထရမ့်ပ်နဲ့ သူတို့ ၂ ယောက်ကြား အဆင်မပြေမှုတွေ လူသိရှင်ကြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013