Home
နိုင်ငံတကာ
ဘာလီဗုံးခွဲမှုဖြင့် ထောင်ချခံခဲ့ရသူက ကော်ဖီလုပ်ငန်းဖြင့် ဘဝသစ်စတင် 
DVB
·
June 6, 2025
Photo: Reuters

၂၀၀၂ ခုနှစ် အင်ဒိုနီးရှား ဘာလီနိုက်ကလပ် ဗုံးခွဲတိုက်ခိုက်မှုမှာ ပါဝင်ခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံထားရသူဟာ သူ့ကိုယ်ပိုင် ကော်ဖီလုပ်ငန်းကို လုပ်ရင်း ဘဝအသစ်ကို လက်ခံရရှိထားပေမဲ့ သူ့ရဲ့ဒဏ်ကို ကာလကြာရှည် ခံစားခဲ့ရသူတွေက ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ ဂျမား အစ္စလာမီယာအဖွဲ့က အဖွဲ့ဝင်တယောက်ဖြစ်တဲ့ အူမာ ပါတက်ခ်ဟာ ဩစတြေးလျနိုင်ငံသား ၈၈ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၈ ယောက် အပါအဝင် လူပေါင်း ၂၀၂ ယောက် သေဆုံးခဲ့တဲ့ ဘာလီနိုက်ကလပ် ဗုံးခွဲမှုနဲ့ ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ သူ့ကို ၂၀၂၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့လို့ သူက ဒုက္ခရောက်သူတွေကို တောင်းပန်ခဲ့ပါတယ်။

ပါတက်ခ် ထောင်ကနေလွတ်လာလို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဒေါသထွက်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ဆူရာဘာယာမြို့က သွားဆရာဝန် ဒေးဗစ် အန်းဒရီးယပ်စ်မိတို ပိုင်တဲ့ ကော်ဖီဆိုင်မှာ ဇွန် ၃ ရက်က ကျင်းပတဲ့ ကော်ဖီလုပ်ငန်းကို မိတ်ဆက်ပွဲမှာ ပါတက်ခ်ရဲ့ မျက်နှာပါတဲ့ နဖူးစည်းစာတန်းတခုကို ဆင်ယင်ထားပါတယ်။

ကော်ဖီဆိုင်မှာ ပါတက်ခ်က ပံ့ပိုးပြီး လှော်ထားတဲ့ ကော်ဖီစေ့တွေကို သုံးမှာပါ။ ပါတက်ခ်ဟာ ထောင်ကလွတ်လာပြီးတဲ့နောက် အလုပ်ရှာဖို့ ခက်ခဲခဲ့ပြီး သူရဲ့ အမည်းစက်က ဒေးဗစ်ရဲ့ စီးပွားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

“အကြမ်းဖက်သမားဟောင်းတယောက် အနေနဲ့ အမည်းစက်ဟာ အလုပ်ရှာရခက်စေတယ်” လို့ သူက ပြောပါတယ်။

ပါတက်ခ် ထောင်ကနေ လွတ်လာပြီးတဲ့နောက် ကမ္ဘာ့လူဦးရေအများဆုံး မွတ်စလင်အများစု နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်တွေက အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြန်ပေါ်ထွက်လာတာကို တန်ပြန်ဖို့ အစွန်းရောက် အကြမ်းဖက်မှုရဲ့ စံနမူနာတခုအဖြစ် ပါတက်ခ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။

ခုထိ မီးလောင်ဒဏ်ရာတွေနဲ့ အသက်ရှင်ကျန်ရစ်သူ ဟူစတိုး ဟိုတီမာက ဆိုင်မိတ်ဆက်ပွဲမှာ ပါတက်ခ်ကို ရင်ဆိုင်ဖို့ လူအုပ်ရှေ့မှာ တိုးဝှေ့ရင်း အသက်ကယ်ကုသဖို့ ရုန်းကန်နေရတယ်လို့ ပြောပါတယ်။

“မင်းလုပ်ခဲ့တာတွေကို ငါခွင့်လွှတ်ပါတယ်၊ မင်း အခု ပိုကောင်းတဲ့လူတယောက်အဖြစ် ပြောင်းလဲသွားတာကို တွေ့ရလို့ ဝမ်းသာပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ပါတက်ခ်က သူ့လုပ်ငန်းသစ်အတွက် လူတွေရဲ့ စိတ်ပျက်မှုကို နားလည်ပေမဲ့ နှလုံးသားထဲမှာ သံသယစိတ်တွေ နစ်မြုပ်မနေပါစေနဲ့လို့ တောင်းပန်ခဲ့ပြီး သူ့ဝင်ငွေ အစိတ်အပိုင်းတွေကို နာလံထူဖို့ ကြိုးစားနေဆဲ အသက်ရှင်ကျန်ရစ်သူတွေကို ဝေမျှပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013