Home
နိုင်ငံတကာ
အင်ဒိုနီးရှား ကျောက်မိုင်းပြိုကျပြီး လူ ၁၀ ဦး သေဆုံး
DVB
·
June 1, 2025
Photo: Reuters
Drone footage shows search efforts after deadly rock collapse at Indonesia quarry

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်၊ ကျီရဘွန်မြို့မှာ မေ ၃၀ ရက် သောကြာနေ့က ကျောက်မိုင်းတခုပြိုကျလို့ လူ ၁၀ ယောက် ထက်မနည်းသေဆုံး၊ ၆ ယောက် ဒဏ်ရာရရှိသွားပြီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မေ ၃၁ ရက် စနေနေ့မှာ ဆက်လုပ်သွားမယ်လို့ အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။ 

မြေတူးစက် ၃ စီး အပါအဝင် အကြီးစားစက်ယန္တရားကြီးတွေလည်း ကျောက်တုံးတွေကြားမှာ မြုပ်သွားတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ပြောပါတယ်။ 

ပျောက်ဆုံးသူ အရေအတွက်ကို ခန့်မှန်းထားတာတော့ မရှိပါဘူး။  အဲဒီကျောက်မိုင်းမှာ အလားတူ မတော်တဆမှုမျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး ဒရုန်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံမှာတော့ ကျောက်တုံးကြီးတွေကို မြေတူးစက်တွေနဲ့ ရွှေ့နေတာ တွေ့မြင်ရပါတယ်။ 

အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီရဲ့ ဗီဒီယိုဖိုင်ထဲမှာ ကျောက်မိုင်း ပြိုကျခဲ့တဲ့ နေရာမှာ လူတွေ အထိတ်တလန့်ဖြစ်နေခဲ့ရတဲ့အပြင် ကယ်ဆယ်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ 

အဲဒီလုပ်ငန်းနေရာဟာ အန္တရာယ်ရှိပြီး အလုပ်သမားတွေအတွက် ဘေးကင်းရေစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ အနောက်ဂျာဗား အုပ်ချုပ်ရေးမှူး ဒေဒီမူလ်ယာနီက သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013