Home
နိုင်ငံတကာ
ဂါဇာ လူသားချင်းစာနာမှု အကူအညီများ အစ္စရေး ကန့်သတ်နေဆဲဟု ကုလ ပြော
DVB
·
June 5, 2025
Photo: REUTERS/Hatem Khaled

ဂါဇာကမ်းမြောင်မှာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေကို အစ္စရေးက ဆက်ပြီး ပိတ်ပင်ထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဇွန် ၄ ရက်မှာ ပြောပါတယ်။

ကီရင်ရှာလွန်းကို ဖြတ်ပြီး ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်တွေရဲ့ ပေးပို့တဲ့ ပစ္စည်းတွေကို အစ္စရေးအစိုးရအဖွဲ့က စကန်ဖတ်ပြီးမှ ဂါဇာထဲကို ပေးဝင်တယ်လို့ ဒူဂျာရစ်က ဆိုပါတယ်။

“ဒီနေ့အတွက် ကျနော်တို့ ဂျုံတွေတင်ထားတဲ့ ကုန်တင်ကားအစီး ၁၃၀ စေလွှတ်ခဲ့ပေမဲ့ အစ္စရေးက စစ်ဆေးပြီး ၅၀ ပဲ ကီရင်ရှာလွန်းကို ဖြတ်သန်းခွင့်ရခဲ့ပါတယ်။”

ကီရင်ရှာလွန်းကို ပြီးခဲ့တဲ့ ၁ လလောက်က ဖြတ်သန်းခွင့်ပြုထားတာဖြစ်ကာ ဂါဇာအတွင်းကို အကူအညီပေးရေး ကုန်တင်ကား အစီးရေ ၄၀၀ ထက်နည်းတဲ့ ပမာဏပဲ ဝင်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ကလည်း ကုလရဲ့ အကူအညီပေးရေးသင်္ဘော ၁၃ စီးအနက် ၆ စီး ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။ လောင်စာဆီ အရေးပေါ်လိုအပ်နေချိန်မှာ အခုလို ငြင်းပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီလို အရေးပေါ် ဖြတ်သန်းခွင့်တွေ မပေးဘူးဆိုရင် ကုလသမဂ္ဂရဲ့ အခြေခံလိုအပ်ချက်တွေ ဝန်ဆောင်မှုပေးနေတာကို ပိတ်ပင်ရလိမ့်မယ်လို့ ကုလသမဂ္ဂရုံးက သတိပေးထားပါတယ်။

အစ္စရေးဟာ မတ် ၂ ရက်ကတည်းက အစားအသောက်၊ ဆေးဝါး စတဲ့ ပံ့ပိုးမှုတွေအားလုံးကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီတပတ်အတွင်း ဂါဇာမှာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်းတွေရဲ့ အကူအညီ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ဂါဇာကို အကူအညီပေးရေး ၁၁ ပတ်ကြာ ပိတ်ပင်ခဲ့တဲ့နောက် လမ်းကြောင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမဲ့ လက်ရှိအချိန်မှာ အစ္စရေးက တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ခွင့်ပြုနေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013