Home
မြန်မာသတင်း
စဥ့်ကူးတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီး
DVB
·
June 5, 2025
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ
Photo: ပြင်ဦးလွင်ခရိုင် ပကဖ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇွန် ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးကုန်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူတယောက်က “စဥ့်ကူးမြို့ပေါ်မှာရှိတဲ့ မြသိန်းတန်ဘုရားနဲ့ အဲဒီဘုရားဝင်းထဲက ဘုန်းကြီးကျောင်းကို ဗုံးကြဲခံရတာပါ။ ဘုန်းကြီးကျောင်းဆောင် ၂ ဆောင် လုံးဝပျက်စီးသွားပါတယ်။ ရဟန်းသံဃာတော်တွေနဲ့ တခြားပြည်သူလူထု ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်သွားတဲ့ ဂျက်ဖိုက်တာလေယာဥ်ဟာ တံတားဦးလေတပ်ဘက်ကနေ ပျံသန်းလာတာလို့ ဆိုပါတယ်။

စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက “အခု ဗုံးကြဲသွားတာဟာ ပေါင် ၃၀၀ ဗုံးပါ။ အဲဒီကျောင်းမှာ ဘယ်အဖွဲ့အစည်းက ရဲဘော်မှ မနေကြဘူး။ မြို့ပေါ်မှာလည်း တိုက်ပွဲဖြစ်တာ မရှိဘူး။ ကျနော်တို့ စဥ့်ကူးမြို့နယ်ထဲမှာက လေကြောင်းတိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ရှိတယ်။ မြို့ပေါ်က ပြည်သူတွေ အားလုံးနီးပါးကတော့ အရင်နှစ် ဇွန်၊ ဇူလိုင်လတွေ မြို့သိမ်းတိုက်ပွဲ ပြီးကတည်း စစ်ရှောင်နေကြတာပါ။ အခြေအနေက ပုံမှန်မဖြစ်သေးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေသေးလို့လည်း စစ်ဘေးရှောင်ပြည်သူတွေကို မြို့ပေါ်ပြန်ဝင်အနေမခံသေးတာ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ  ဇွန် ၁ ရက်ကလည်း စဥ့်ကူးမြို့နယ်ထဲမှာရှိတဲ့ နတ်တောင်ကျေးရွာက Lucky 7 ဟိုတယ်ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တွေ ပျက်စီးခဲ့ ပါတယ်။

စဥ့်ကူးမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်း တူးတာတွေအပြင် လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို ကြိုတင်ပြုလုပ်ထားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန်သတိပေးချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားတဲ့အပြင် စဥ့်ကူးမြို့နယ်ထဲကို အကြောင်းမရှိဘဲ မကြာခဏ လေကြောင်းတိုက်ခိုက်နေလို့ စေတီပုထိုးတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူပိုင်နေအိမ်တွေ ပျက်စီးသလို ဒေသခံပြည်သူတွေလည်း သေဆုံးထိခိုက် ဒဏ်ရာရတဲ့ အရေအတွက် မြင့်တက်လာနေတာလို့ စဥ့်ကူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013