Home
မြန်မာသတင်း
အမ်း-ပဒါန်းလမ်းတွင် တိုက်ပွဲများ ပြန်ဖြစ်
DVB
·
June 4, 2025

ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က ရခိုင်-မကွေးအစပ်က အမ်း-ပဒါမ်းလမ်းပေါ် စစ်ကြောင်းထိုးလာတာကြောင့် အာရက္ခတပ်တော် (AA) နဲ့ အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလနောက်ဆုံးအပတ်ကတည်းက ပဒါန်းမြို့ကနေ နတ်ရေကန်ဘက်ကို တပ်ကူတွေ ပို့နေတာဖြစ်ပြီး အဲဒီအချိန်တုန်းကလည်း တိုက်ပွဲတွေဟာ MPT တာဝါကုန်းနား ာက်ရှိခဲ့ပါတယ်။

မနေ့က (ဇွန်လ ၃ ရက်နေ့) နတ်ရေကန်နားမှာ၊ မနက် ၉ နာရီလောက်ကတည်းက တနေကုန်ဖြစ်တာ။ ဒီကနေ့ကတော့ မသိရဘူး ဟုတ်။ မနေ့က တရက်မှ၊ အရင်ရက်တွေက မရှိဘူး အဲနားမှာ။ ဂုတ်ကြီးနဲ့ နတ်ရေကန်ကြားမှာ တော်တော်ဖြစ်တယ်။ ၂ ရက်နေ့ (ဇွန်လ ၂ ရက်နေ့) ကလည်း စပ်စီနဲ့ ဇင်ပြွန်းကြားမှာ တစ်နေရာမှာ ဖြစ်သေးတယ်။ ဘေးနားကရွာတွေကတော့ ဒီတိုင်း သူတို့ သွားလာနေတာပဲရှင့်လို့ နတ်ရေကန်နားမှာရှိတဲ့ ရွာတခုက‌နေ စစ်ရှောင်လာတဲ့ ဒေသခံက DVB ကို ပြောပါတယ်။

မေလနောက်ဆုံးအပတ် တိုက်ပွဲတွေတုန်းကတော့ အာရက္ခတပ်တော် (AA) က MPT တာဝါကုန်းနားမှာရှိတဲ့ ကာကင်းတချို့ကို သိမ်းမိခဲ့တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါကြောင့် ပဒါန်းဘက်ကနေ တပ်ကူတွေ ထပ်ပို့နေပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ ဆုံကုန်းအမြောက်တပ်ကနေလည်း လက်နက်ကြီး ပစ်ကူပေးတာရှိတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းပေမဲ့ ပြန်ဖြေတာမရှိသေးသလို အသေးစိတ်ကို သိရဖို့ ဆက်လက်စုံစမ်းနေပါတယ်။

နတ်ရေကန်ဗျူဟာအနီးတဝိုက်မှာ နေတဲ့ ဒေသခံတွေကတော့ အစောပိုင်းကတည်းက တိမ်းရှောင်သွားကြသလို လတ်တလော အိမ်စောင့်လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ယာယီအပစ်ရပ်တာကို ဇွန် ၁ ရက်ကနေ ၃၀ ရက်နေ့ထိ ထပ်မံတိုးမြှင့်ကြောင်း မေ ၃၁ ရက်နေ့မှာ ကြေညာအပြီး ၂ ရက်အကြာမှာ အခုလို ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013