
ဇွန် ၅ ရက် ဒီနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက ရော်နယ်ဒိုရဲ့အနိုင်ဂိုးနဲ့ ဂျာမနီကို အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။
ဂျာမနီက ဘိုင်ယန်မြူးနစ်ကွင်းမှာ ကစားခဲ့တဲ့ အခုပွဲစဉ်မှာ ဂျာမနီအသင်းက ဖလော်ရီယန်ဝစ်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန် ၆၃ မိနစ်မှာ ကွန်ဆီကာအိုက ချေပဂိုး၊ ပွဲချိန် ၆၈ မိနစ်မှာ စီရော်နယ်ဒိုက အနိုင်ဂိုး သွင်းခဲ့တာပါ။
တခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်နဲ့ ပြင်သစ်တို့ ဇွန် ၆ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် ဇွန် ၉ ရက်မှာ ဘိုင်ယန်မြူးနစ်ကွင်းမှာပဲ လက်ခံကျင်းပမှာဖြစ်ပြီး စပိန်နဲ့ ပြင်သစ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။