Home
နိုင်ငံတကာ
ခိုလှုံခွင့် တောင်းခံသူများကို ပယ်ချမှု တရားမဝင်ဟု ဂျာမနီတရားရုံး ဆုံးဖြတ်   
DVB
·
June 3, 2025
Photo :Reuters

ပိုလန်နိုင်ငံကနေ ဂျာမနီနိုင်ငံထဲကိုဝင်ဖို့ ကြိုးပမ်းတဲ့ ဆိုမာလီနိုင်ငံသား ၃ ဦးကို နှင်ထုတ်ခဲ့တဲ့ ကိစ္စကို ကိုးကားပြီး ဂျာမနီနိုင်ငံက ခိုလှုံခွင့်တောင်းခံသူတွေကို နယ်စပ်ကနေ မောင်းထုတ်ရင်း ဥပဒေမဲ့ ပြုကျင့်ခဲ့တယ်လို့ ဘာလင်တရားရုံးက ဇွန် ၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက်ဟာ ဂျာမနီနိုင်ငံ အရှေ့ဘက်နယ်စပ် ဖရန့်ဖတ်မြို့ အရှေ့ပိုင်းက ရထားဘူတာရုံတခုကနေ ပိုလန်နိုင်ငံဆီ ပြန်ပို့ခံခဲ့ရတယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်ခဲ့တဲ့ ဖြိုခွင်းမှုတွေ လုပ်မယ်လို့ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံခဲ့ရတဲ့ ကွန်ဆာ ဗေးတစ် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖြစ်တဲ့ ဂျာမန်အစိုးရက ကတိပြုထားတာပါ။ 

တရားရုံး ဆုံးဖြတ်ချက်ဟာ ဂျာမန် အဓိပတိ ဖရက်ဒရစ်ချ် မားဇ်ရဲ့ ရွှေ့ပြောင်းနေထိုင်မှုအပေါ် ပြင်းထန်တဲ့ ရပ်တည်ချက်ကို စိန်ခေါ်မှာလည်း ဖြစ်ပါတယ်။ 

ဒီလိုဖြစ်ရပ်ဟာ မားဇ် ရွေးချယ်ခံရပြီး နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ တရားရုံးပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး RBB မီဒီယာက ပြောပါတယ်။

နှင်ထုတ်တာတွေကို ပြည်ထဲရေး ဝန်ကြီး အလက်ဇန်းဒါး ဒိုးဘရင့်ဒ်ထ်က အမှု တခုချင်းစီလို့ အကြောင်းပြခဲ့ပြီး ဝင်ခွင့်ပိတ်ပင်ခြင်းအတွက် မျှတမှုကို တရားရုံးဆီ ပေးမယ်လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။ 

"ကိန်းဂဏန်းတွေက အရမ်းများတယ်။ ကျနော်တို့ရဲ့ အလေ့အကျင့်ကို လိုက်နာနေပါတယ်" လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ 

ခိုလှုံခွင့် လျှောက်ထားမှုကို ပယ်ချတာဟာ တရားမ၀င် ဘူးလို့ တရားရုံးက ကြေညာခဲ့ပါတယ်။ 

ခိုလှုံခွင့် လျှောက်ထားတဲ့ လုပ်ငန်းစဉ်ကို ဥရောပသမဂ္ဂရဲ့ ဒက်ဘ်လင် စည်းမျဉ်းတွေ အောက်ကနေ ဂျာမနီက စီမံဆောင်ရွက်သင့်တယ်လို့ ရှင်းပြရင်း လျှောက်ထားသူတွေကို ပယ်ချတာဟာ ဥပဒေနဲ့ မညီဘူးလို့ တရားရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။  

ရွှေ့ပြောင်းအခြေချမှုဟာ ဂျာမန် မဲဆန္ဒရှင်တွေရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုတွေထဲက တခုပါ။ အသစ်ရောက်လာတာကို ဆန့်ကျင်တဲ့ တုံ့ပြန်မှုဟာ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ်ကျင်းပတဲ့ ဖက်ဒရယ်ရွေးကောက်ပွဲမှာ ဂျာမနီလက်ယာစွန်း ပါတီAlternative for Germany (AfD) အပေါ် ပိုပြီး လူကြိုက်များလာစေခဲ့ပါတယ်။


Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013