Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်းသုံး မောင်းသူမဲ့ လျှပ်စစ်ကုန်ကားများ မိတ်ဆက်
DVB
·
June 4, 2025
Photo: CGTN

အလိုအလျောက်စနစ်နဲ့ စိမ်းလန်းတဲ့ ဆန်းသစ်တီထွင်မှုဆီ သိသာထင်ရှားတဲ့ ခုန်ပျံကျော်လွှားမှု အဖြစ် တရုတ်နိုင်ငံက ဉာဏ်ရည်တု၊ cloud computing နဲ့ 5G-A အင်တာနက်ချိတ်ဆက်မှု နည်းပညာတွေကို သုံးနေပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယား အတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ သတ္တုတူးဖော်ရေး လျှပ်စစ်ထရပ်ကားအုပ်စုကြီးကို မိတ်ဆက်ခဲ့တာပါ။

မွန်ဂိုလီးယားအတွင်းပိုင်း ပြည်နယ် အရှေ့မြောက်ပိုင်းက ယိမင်ဟင်းလင်းပြင် ကျောက်မီးသွေးတွင်းမှာ သတ္တုတူးဖော်ရေး လျှပ်စစ်ထရပ်ကားအစီးရေ ၁၀၀ က မရပ်မနား အလုပ်လုပ်နေပါတယ်။

ဒီထရပ်ကားတွေမှာ ယာဉ်မောင်းမရှိ၊ စတီယာရင်လက်ကိုင်မပါ၊ ကားမောင်းတဲ့အခန်းလည်း မရှိပါဘူး။

ဒီကုန်ကားတွေဟာ ၆ မိနစ်အတွင်း ဘက်ထရီလဲလှယ်နိုင်ပြီး တကြိမ်အားအပြည့်သွင်းရုံနဲ့ တန်ချိန် ၉၀ ကို တင်ဆောင်ပြီး ကီလိုမီတာ ၆၀ ခရီးကို သွားနိုင်ပါတယ်။

ဒီကုန်ကားတွေကို စွမ်းအင်ကုမ္ပဏီကြီး ဟွမ်အန်းအုပ်စုက တီထွင်ထားပြီး သန့်ရှင်းတဲ့စွမ်းအင်နဲ့ အပြည့်အဝ  မောင်းနှင်ထားကာ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ စမတ်ကျတဲ့ စနစ်အဖြစ် ကုမ္ပဏီက စီမံဆောင်ရွက်နေပါတယ်။

ဒီကုန်ကားတွေဟာ နည်းပညာအရ အဆင့်မြင့်ဆုံး၊ အကြီးဆုံးတန်ချိန်၊ အဆင့်မြင့် အားသွင်းခြင်းနဲ့ ဘက်ထရီလဲလှယ်ခြင်းတို့ကို ပေါင်းစပ်ထားတဲ့ လျှပ်စစ်စွမ်းအင်သုံးကုန်ကား ဖြစ်တယ်လို့ ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူးနဲ့ အတွင်း မွန်ဂိုလီးယား အရှေ့ပိုင်း စွမ်းအင်ကုမ္ပဏီ ဟွမ်အန်းရဲ့ ဥက္ကဋ္ဌ လီရှုရွှေက ပြောပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေက chip ကနေ cloud အထိ end-to-end ဖြေရှင်းချက်ကို တီထွင်ဖန်တီးနေတဲ့ နည်းပညာကျောရိုးကို ပံ့ပိုးပေးထားပါတယ်။

အဆင့်မြင့် 5G-A ကွန်ရက်ကို သုံးပြီး စနစ်က ယာဉ်တိုင်းကို ဗဟိုပြု AI-စွမ်းအင်သုံး ဖြန့်ဝေရေး ပလက်ဖောင်းတခုနဲ့ ချိတ်ဆက်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013