
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်မြို့မှာ ပြီးခဲ့တဲ့လက အသတ်ခံခဲ့ရတဲ့ ဂျပန်အမျိုးသား ၂ ယောက်ဟာ သံသယရှိသူရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေး နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်မှာ ပြောပါတယ်။
တာ့လျန်ရဲတပ်ဖွဲ့က ဇွန် ၃ ရက်နေ့ သတင်းထုတ်ပြန်ချက် တခုအတွင်း အမှုကို အတည်ပြုခဲ့ပြီး အသက် ၄၂ နှစ်အရွယ် သံသယရှိသူ တရုတ်နိုင်ငံသား အမျိုးသားကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
သူဟာ ဂျပန်နိုင်ငံမှာ အချိန် တော်တော်ကြာ နေထိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။
သေဆုံးသူ ၂ ယောက်ဟာ တရုတ်နိုင်ငံဆီ ခဏရောက်လာတဲ့ သံသယရှိသူရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီအဖြစ်အပျက်ကို တရုတ်နိုင်ငံက ဂျပန်သံရုံးကို ကိုးကားပြီး ကျိုဒို သတင်းဌာနက ဇွန် ၃ ရက် အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရုတ်အရှေ့မြောက်ပိုင်း ရှန်းယန်မြို့က ဂျပန်ကောင်စစ်ဝန်ရုံးဆီ တရုတ်ရဲတပ်ဖွဲ့က မေ ၂၅ ရက်မှာ အကြောင်းကြားခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
Source:Reuters