Home
မြန်မာသတင်း
သေ့ဘောဘိုးစခန်း လေကြောင်းပစ်ကူပေးစဥ် ဗုံးမှားကြဲမိပြီး စစ်သား ၃၀ ကျော် သေဆုံး
DVB
·
June 4, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကို KNLAနဲ့  PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၃ ရက်က ဝင်ရောက်တိုက်ခိုက်စဥ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို မှားကြဲခဲ့လို့ စစ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

YAK 130 နဲ့ Y 12 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး တချို့ဗုံးတွေက ​​​​သေ့​ဘောဘိုး အခြေစိုက်စခန်းကို ကျရောက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က “ဇွန်လ ၃ ရက် နေ့လယ် ၁ နာရီကျော်မှာ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာ လေယာဥ်ရောက်လာပြီး ဗုံးကြဲတာ သူတို့တပ်စခန်းကုန်းပေါ်ကိုပါ လေယာဥ်ဗုံးသီးက ကျရောက်ခဲ့တာရော ဝေါလေဘက်ကပစ်တဲ့ လက်နက်ကြီးပစ်ကူ ပေးတာကောဆိုတော့ သူတို့အချင်းချင်း မှားကြဲ​ပြီး သေကြတာ ၃၀ ကျော်လောက် ရှိမယ်” လို့ ပြောပါတယ်။

လေတပ်က ဗုံးမှားကြဲမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးရတာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီပြန်ကြား ရေးကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။

သေ့ဘောဘိုးစခန်းကို စစ်ကောင်စီတပ်က မဆုတ်တန်းခံစစ်အဖြစ် တည်ဆောက်ထားတာ ဖြစ်ပြီး လက်ရှိ စခန်းဆုတ်ခွာရချိန်မှာ အမှတ် ၃၂ ခြေလျင်တပ်ရင်းကနေ စခန်းထိုင်ထားတာဖြစ်ပါတယ်။

သေ့ဘောဘိုးစခန်းကို KNLA, KTLA, PDF တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဇွန် ၃ ရက် ညနေ ၆ နာရီ ၄၄ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့  တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013