Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင် သမ္မတ ရွေးကောက်ပွဲကျင်းပ
DVB
·
June 3, 2025
Photo :Reuters

အရင်သမ္မတလက်ထက်က စစ်အုပ်ချုပ်ရေးကြေညာဖို့ ကြိုးစားခဲ့မှုကြောင့် မတည်မငြိမ် ဖြစ်ခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၃ ရက်မှာ သမ္မတသစ်ကို မဲပေးရွေးချယ်နေကြပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ ဖြတ်သန်းခဲ့အပြီးမှာ အားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ဒီဖြစ်စဉ်ဂယက်ကြောင့် မတည်မငြိမ်ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၄ ဒသမ ၃၉ သန်းရှိတဲ့အနက် သုံးပုံတပုံကျော်ဟာ ပြီးခဲ့တဲ့အပတ်ကတည်းက ကြိုတင်မဲပေးထားကြတယ်လို့ သိရပါတယ်။

သုံးပတ်ကြာ မဲဆွယ်ကာလဟာ ဇွန် ၂ ရက်က အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ စီးပွားရေးအရှိန်အဟုန်မြှင့်ဖို့ အဓိက မဲဆွယ်အကြောင်းအရာတွေ ဖြစ်နေပါတယ်။

လစ်ဘရယ်ဝါဒီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက လီဂျေမြောင်းနဲ့ ကွန်ဆာဗေးတစ်ဝါဒီ ပြည်သူ့အာဏာပါတီက ကင်မွန်ဆူးလ်တို့ အဓိက ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ကွန်ဆာဗေးတစ်ပါတီဟာ  ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ယွန်းဆွတ်ယိုလ်ရဲ့ ပါတီဖြစ်ပါတယ်။ 

နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ အဆိုပြုချက်ကတော့ နှစ်ဖက်စလုံး ကွာဟာချက် ကြီးကြီးမားမား မရှိပါဘူး။ 

လီဂျေမြောင်းက သာတူညီမျှရေးနဲ့ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်မိသားစုတွေကို ကူညီပေးဖို့ အဓိက လှုံ့ဆော်ပါတယ်။ 

ကင်မွန်ဆူးလ်ကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် စည်းမျဉ်းတွေ ဖြေလျှော့ပေးဖို့၊ အလုပ်သမား ပဋိပက္ခတွေက ကာကွယ်ပေးဖို့ အဓိက လှုံ့ဆော်နေပါတယ်။ 

ဒါပေမဲ့ သမ္မတဟောင်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုဂယက်က ပြည်သူ့အာဏာပါတီအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013