
တောင်ကိုရီးယား ရေကြောင်းကင်းလှည့်လေယာဉ်တစင်းဟာ မေ ၂၉ ရက်က တောင်ပိုင်း ဖိုဟန်မြို့ရှိ စစ်စခန်းတခုအနီးမှာ ပျက်ကျသွားခဲ့တယ်လို့ တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့ပြီး လေယာဉ်ပေါ်မှာ လူ ၄ ယောက် လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုဟာ မနက် ၄ နာရီ ၄၃ မိနစ်လောက်မှာ ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အသေအပျောက် အရေအတွက်ကို အတည်ပြုဖို့ ကြိုးပမ်းနေကြောင်းလည်း ဆိုထားပါတယ်။
ရိုက်တာက ရရှိထားတဲ့ ဗီဒီယိုမှာတော့ မီးလောင်မှုဖြစ်ပွားရာနေရာကနေ မီးခိုးတွေ ထွက်လာတာကို မြင်တွေ့ရပြီး ဥသြသံတွေလည်း ကြားနေရပါတယ်။
အစောပိုင်းကတော့ ယွန်ဟက်ပ် သတင်းအေဂျင်စီမှာ အဲဒီလေယာဉ်ဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ တောင်တန်းတွေမှာ ပျက်ကျခဲ့ကြောင်း အာဏာပိုင်တွေကို ကိုးကား ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters