Home
နိုင်ငံတကာ
ဂါဇာအကူအညီစင်တာအနီး အစ္စရေးတင့်ကားများ ပစ်ခတ်မှုကြောင့် လူ ၃၀ ခန့် သေဆုံး
DVB
·
June 2, 2025
Photo: Reuters

ဂါဇာက အကူအညီပေးဝေရေးစင်တာ တခုအနီးမှာ အစ္စရေးတင့်ကားတွေက ပစ်ခတ်ခဲ့တာကြောင့် လူ ၃၀ ထက်မနည်းသေဆုံးတယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုပြီး ၁၅၀ လောက် ဒဏ်ရာရတယ်လို့ ရာဖာက ကြက်ခြေနီဆေးရုံက ထုတ်ပြန်ပါတယ်။

အစ္စရေး ကျောထောက်နောက်ခံပြုပေးထားတဲ့ ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) က စီမံနေတဲ့ ရိက္ခာဝေခြမ်းတဲ့ နေရာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

GHF ဟာ မကြာသေးမီကမှ ရိက္ခာဖြန့်ဝေရေးကို တာဝန်ယူခဲ့တာဖြစ်ပြီး ဘက်လိုက်မှုရှိနိုင်တာနဲ့ ဇီဝအချက်အလက်တွေ စိစစ်တာကို ပါလက်စတိုင်းအချို့က စိုးရိမ်နေပါတယ်။

အစ္စရေးတာဝန်ရှိသူတွေကတော့ ဟားမတ်စ်နဲ့ ဆက်စပ်တဲ့သူတွေကို ချန်လှပ်ထားဖို့အတွက် ရိက္ခာလာယူသူတွေကို ဒီလို စိစစ်ဖို့ လိုတယ်လို့ တုံ့ပြန်ထားပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို အလုံးစုံပိတ်ဆို့ထားပြီး မတ် ၁၈ ရက်ကတည်းက စစ်ဆင်ရေး ထပ်လုပ်နေတာဖြစ်ပါတယ်။

အမေရိကန်၊ ကာတာ၊ အီဂျစ်တို့ ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်ရပ်ရေးဟာ ၂ လပဲ ခံခဲ့ပါတယ်။

ဟားမတ်စ်တပ်ဖွဲ့တွေ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနယ်မြေထဲ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က လူ ၁၂၀၀ သေဆုံးပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ အစ္စရေးက ဂါဇာကမ်းမြောင်တခုလုံးကို စစ်ဆင်ရေးဆင်နွှဲနေခဲ့တာ အခုထိဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်း ဂါဇာမှာ လူ ၅၄,၃၈၁ ယောက်ထက် မနည်းသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဂါဇာက ဟားမတ်စ်ကွပ်ကဲမှု အောက်မှာရှိတဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013