Home
နိုင်ငံတကာ
အစုလိုက်အပြုံလိုက် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများ ပြင်သစ်တရားရုံးရှေ့၌ ဆန္ဒပြ 
DVB
·
May 30, 2025
Photo :Reuters

ပြင်သစ်ခွဲစိတ်ဆရာဝန်ဟောင်း ယိုဝယ်လေ စကွားနစ်ခ်ရဲ့ သားကောင် ဖြစ်ခဲ့ရသူတွေဟာ သူ့ကို ၃ လကြာ ရုံးတင်စစ်ဆေးမှု မေ ၂၈ ရက် ပြီးဆုံးချိန်မှာ တရားရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အငြိမ်းစား ခွဲစိတ်ဆရာဝန်ဟာ သူ့ရဲ့စောင့်ရှောက်မှုအောက်မှာ မေ့ဆေး ဒါမှမဟုတ် ထုံဆေး မပြယ်သေးတဲ့ ကလေးငယ်တွေ အပါအဝင် ရာနဲ့ချီတဲ့ လူနာတွေကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား  ပြုမှုအတွက် အပြစ်ရှိကြောင်း တရားသူကြီးတွေက တွေ့ရှိခဲ့လို့ အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

လေစကွားနစ်ခ်က သူ့လူနာတွေကို အလွဲသုံးစားလုပ်မှုဟာ ပြင်သစ်နိုင်ငံရဲ့ အဆိုးရွားဆုံးသော ကလေးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုမြောက်တဲ့ ကိစ္စအဖြစ် သတ်မှတ်ခံထားရပါတယ်။

လူနာ ၂၉၉ ဦးကို မုဒိမ်းမှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့တယ်လို့ သူ့ကို စွပ်စွဲထားပါတယ်။

ဒါဇင်များစွာသော ကျူးလွန်ခံ သားကောင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အနက်ရောင် လူပုံတွေ ကပ်ထားတဲ့ ရာနဲ့ချီတဲ့ စာရွက်ဖြူ အပိုင်းအစတွေကို ကိုင်ဆောင်ရင်း စီရင်ချက်မချမီ တရားရုံး အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

ကျူးလွန်ခံရသူ တဦးစီအတွက် တချို့ စာတမ်းတွေမှာ နာမည်နဲ့ အသက်ကို ရေးထားပေမဲ့ တချို့မှာ တော့ ကျူးလွန်ခံရသူကို အမည်မသိသူအဖြစ် ရည်ညွှန်းကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ခြောက်နှစ်အရွယ် အိမ်နီးချင်းကို အဓမ္မပြုကျင့်တဲ့ သံသယနဲ့ သူ့ကို ပြန်ဖမ်းပြီးတဲ့နောက် လေစကွားနက်ရဲ့ အလွဲသုံးစားလုပ်မှု အတိုင်းအတာကို ထုတ်ဖော်ပြသခဲ့ တာပါ။

ဆယ်စုနှစ် ၂ ခုကျော်ကြာအောင် ဒေသန္တရဆေးရုံတွေမှာရှိတဲ့ လူငယ်လူနာတွေအပေါ် မုဒိမ်းကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရဲတပ်ဖွဲ့က အသေးစိတ်ဖော်ပြခဲ့ ပါတယ်။

အီလက်ထရွန်နစ် ဒိုင်ယာရီတွေအပြင် လိင်အရုပ်တွေ၊ ဆံပင်တုတွေနဲ့ ကလေးတွေရဲ့ ညစ်ညမ်း ရုပ်ပုံစာပေတွေကို သူက သိမ်းဆည်းထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

လေစကွားနစ်ခ်ကို ဘရစ်တနေဒေသက ဗန်းနာမြို့မှာ တရားစီရင်ခဲ့တာပါ။ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုကို တားဆီးနိုင်တဲ့ အေဂျင်စီတွေ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေရဲ့  ရာဇ၀တ်ကြောင်းဆိုင်ရာ တာဝန်ခံမှု ရှိ၊မရှိကို သေချာအောင် လေ့လာစိစစ်ဖို့ လေစကွားနစ်ခ်ကို စုံစမ်းစစ်ဆေးရာမှာ ဦးဆောင်တဲ့ ဒေသခံ အစိုးရ ရှေ့နေရုံးက သီးခြား စုံစမ်းစစ်ဆေးခဲ့ပါတယ်။

Source:Reuters  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013