Home
နိုင်ငံတကာ
ယူကရိန်းတွင် ရုရှား တိုက်ခိုက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
DVB
·
May 26, 2025
Photo: REUTERS/Thomas Peter

ယူကရိန်းနိုင်ငံတဝန်းက မြို့ကြီးတွေကို ရုရှားက မေ ၂၄ ရက် တညလုံး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်းအနောက်ပိုင်း  ခမဲလ်နစ်စကီးဒေသမှာ ၄ ယောက်၊ ကိယက်ဗ်ဒေသမှာ ၃ ယောက်နဲ့ မီကိုလိုက်ဗ်ဒေသမှာ တယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရှေ့တရက်ကလည်း ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုကြောင့် ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

မော်စကို အပါအဝင် ရုရှားနိုင်ငံတဝန်းမှာလည်း စနေနေ့ညပိုင်းက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ယူကရိန်းဒရုန်း ၉၅ စင်းကို ပစ်ချ ဒါမှမဟုတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အသေပျောက်ရှိတယ်လို့ မထုတ်ပြန်ပေမဲ့ မော်စကိုလေဆိပ်တွေက လေယာဉ်ခရီးစဉ် အားလုံး ယာယီဆိုင်းငံ့ခဲ့ရပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၀၂၂ ဖေဖော်ဝါရီမှာ ယူကရိန်းတနိုင်ငံလုံးကို ကျူးကျော်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဒီအထဲမှာ ၂၀၁၄ ကတည်းက ရုရှားက သိမ်းထားတဲ့ ခရိုင်းမီးယားဒေသပါ အပါအဝင် ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013