Home
မြန်မာသတင်း
လေးမျက်နှာက လုပ်ငန်းရှင်များ အပါအဝင် အရပ်သား ၉ ဦးကို စစ်တပ် ဖမ်းဆီးထား
DVB
·
May 25, 2025
Photo: VV

တိုင်က်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာက ဆန်စက်ပိုင်ရှင်နဲ့ စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ အပါအဝင် အရပ်သား ၉ ယောက်ကို အာရက္ခတပ်တော် AA နဲ့ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က မေ ၁၂ ရက်ကနေ ၂၄ ရက်အတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်မှာဖမ်းထားတယ်ဆိုတာကို အခု မေ ၂၅ ရက်အထိ မသိရသေးဘဲ အဆက်အသွယ်လည်း မရဘူးလို့ ဆိုပါတယ်။

လေးမျက်မြို့နယ် က လုပ်ငန်းရှင် တယောက်က “အဖမ်းခံရတာ ၉ ယောက်။ ဆန်စက်ပိုင်ရှင် ၂ ယောက်၊ စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် ၃ ယောက်နဲ့ကျန်တဲ့သူတွေက ကားသမားတွေလို့သိရတယ်။ အားလုံး ကျောက်စရစ်ကုန်း ကျေးရွာကပါ” လို့ ပြောပါတယ်။

ကျောက်စရစ်ကုန်းကျေးရွာဟာ ပုသိမ်-မုံရွာ ကားလမ်းအရှေ့ခြမ်းက ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကို ခံထားရတဲ့ ပန်းတောကြီးကျေးရွာနဲ့ လယ်တန်ငယ်ရွာ အကြားမှာရှိပါတယ်။

လေးမျက်နှာမြို့နယ်က စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့အထဲ အမျိုးသမီး ၂ ယောက်ပါတယ်လို့သိရတယ်။ အခုရက်ထဲ ဖမ်းတာတွေပိုလုပ်လာတယ်။ တပ်က အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းပေးချက်နဲ့ဖမ်းတာလို့သိရတယ်။ ဖမ်းခံရသူတွေထဲ တချို့က စစ်ရှောင်တွေလို့သိရတယ်” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီး၊ ကျောက်စရစ်ကုန်း၊ လယ်တန်ငယ်၊ ဘဲ့ပြားကုန်း စတဲ့ကျေးရွာတွေဟာ ဧပြီလကတည်းက စတင်တိုက်ပွဲဖြစ်ခဲ့တဲ့ ဒေသတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013