Home
မြန်မာသတင်း
ပခုက္ကူက ရဲ ၃ ဦး KTV သွားနေစဉ် ဖမ်းခံရ
DVB
·
May 24, 2025
Photo : Southern YSO PDF

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မေ ၁၈ ရက် နေ့လယ်ပိုင်းက KTV သွားမယ့် ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF က မေ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့က နေ့လယ် ၂ နာရီလောက်မှာ ပခုက္ကူမြောက်ဘက် ဘုန်းကံစစ်ဆေးရေးဂိတ်ကနေ KTV သွားမယ့်ရဲတွေကို ကြိုတင်သတင်းရလို့ လမ်းကနေ အသင့်စောင့်ပြီးဖမ်းဆီးခဲ့တာ ရဲ ၃ ကောင်ဖမ်းမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့မရဲစခန်းက ရဲဒုတပ်ကြပ်သီဟအောင် (လ-၂၃၉၉၉၉)၊ ရဲတပ်သားလှဘုန်း (လ-၂၉၈၃၀၇)၊ ရဲတပ်သား စည်သူလွင် (လ-၃၀၂၄၉၆) တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်း က “သူတို့ကိုဖမ်းဆီးတော့ ထွက်ပြေးဖို့လုပ်ကြလို့ မနည်းပိတ်ဆို့ဖမ်းခဲ့ရတယ်။ တကောင်က အိတ်ထဲကနေ လက်ပစ်ဗုံးနှိုက်နေလို့ သေနတ်ဒင်နဲ့တောင် ဆောင့်လိုက်ရသေးတယ်။ သူတို့ဆီမှာ သေနတ်တွေဘာတွေတော့ ပါမလာဘူး။ လက်ပစ်ဗုံး ၂ လုံးရယ်၊ ဖုန်းက ၃ လုံးနဲ့ ခရီးသွားပြည်သူတွေဆီကနေ အဓမ္မတောင်းရမ်းထားတဲ့ ပိုက်ဆံ ၁၉၈,၀၀၀ တို့ သိမ်းဆည်းရရှိခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

အခုဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက် အပါအဝင် Southern YSO PDF အဖွဲ့ဆီမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံပန်း ၁၀ ယောက်နီးပါးရှိနေပြီး သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ပြည်သူ့အားမာန် PDF (YSO)၊ King Cobra နဲ့အတူ ဒေါင်းစစ်သည်တပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013