Home
နိုင်ငံတကာ
ယီမင်ကပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို အစ္စရေး ကြားဖြတ်ဟန့်တား
DVB
·
May 22, 2025
Photo: Reuters

အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အစ္စရေးစစ်တပ်က ကြားဖြတ် ပစ်ချခဲ့တာကြောင့် မေ ၂၂ ရက် အစောပိုင်းက အစ္စရေးရဲ့ ဧရိယာအများအပြားမှာ အချက်ပေးဥဩသံတွေကို ကြားခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ ယီမင်ရှိ ဟူသီစစ်သွေးကြွတွေရဲ့ လုပ်နေကျလုပ်ရပ်အတိုင်း နောက်ဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အစ္စရေးရဲ့ ယီမင်အပေါ် တိုက်ခိုက်မှုကို ကြောက်မနေဘဲ ဂါဇာရှိ ပါလက်စတိုင်းတွေနဲ့ တဖက်တည်းမှာ ရပ်တည်နေကြောင်း ပြသတဲ့လုပ်ရပ်အဖြစ် ဟူသီတွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ဆက်လက်ပစ်ခတ်နေခဲ့တာဖြစ်ပြီး အမေရိကန်သင်္ဘောတွေကို တိုက်ခိုက်တာကို ရပ်တန့်ဖို့ သဘောတူညီထားပါတယ်။

ကြာသပတေးနေ့ ဒုံးကျည်ပစ်လွှတ်မှုအတွက် တာဝန်ရှိကြောင်း ဟူသီစစ်သွေးကြွအဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ယီမင်နိုင်ငံရဲ့ အဓိကလေဆိပ်ဖြစ်တဲ့ ဆာနားလေဆိပ်ကို ပျက်စီးသွားခဲ့တဲ့ မေ ၆ ရက်က တိုက်ခိုက်မှုတခုနဲ့ ပြီးခဲ့တဲ့အပတ်က ပင်လယ်နီဆိပ်ကမ်းတွေဖြစ်တဲ့ ဟိုဒေးဒါနဲ့ ဆာလိဖ် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ချိန်ကတည်းက ဟူသီတွေဟာ အစ္စရေးကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ဒါဇင်နဲ့ချီ ပြုလုပ်ခဲ့ပြီး အများစုမှာ ကြားဖြတ်ပစ်ချခံရတာနဲ့ အနီးအနားမှာတင် ပြုတ်ကျသွားခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013