Home
မြန်မာသတင်း
လုပ်အားခတိုးတောင်းသည့် စက်ရုံများမှ အလုပ်သမားခေါင်းဆောင်အချို့ ခြိမ်းခြောက်ခံနေရ
DVB
·
May 21, 2025

လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတဲ့ စက်ရုံတချို့မှ အလုပ်သမားခေါင်းဆောင်တချို့အနေနဲ့ နောက်ကွယ်ကနေ ဖိအားပေး၊ ခြိမ်းခြောက်တာမျိုး ကြုံနေရတယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။

စက်ရုံတချို့မှာ လုပ်ခတိုးမြှင့်ရရှိဖို့ ဆန္ဒပြတောင်းဆိုတာတွေရှိနေပြီး ဦးဆောင်သူတွေကို စက်ရုံကနေ အငြိုးထားအလုပ်ထုတ်တာအပြင် စစ်ကောင်စီလုံခြုံရေး အဖွဲ့အစည်းတွေက အလုပ်သမားရဲ့ နေအိမ်အထိ သွားရောက်ဖိအားပေးတာမျိုး ကြုံရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ True Green စက်ရုံလုပ်သားတယောက်က “ဒီက ခေါင်းဆောင် အမျိုးသမီး အလုပ်သမားတယောက်ရဲ့အိမ်ကို စစ်တပ်က သတင်းပို့ခိုင်းလို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ ဓာတ်ပုံရိုက်သွားတာရှိတယ်။ ဒါက အကြောက်တရားဖြစ်အောင် သက်သက်ဖိအားပေးတာလို့ ယူဆတယ်” လို့ ပြောပါတယ်။

True Green စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက်အား အလုပ်ထုတ်ခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့ပြီး အလုပ်သမားတွေက စုပေါင်းတောင်းဆိုတာကြောင့် အလုပ်ပြန်ခန့်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ Myanmar Xiang He အထည်ချုပ်စက်ရုံမှ အလုပ်သမားတချို့လည်း အလုပ်ထုတ်ခံရတာရှိတယ်လို့ အဲဒီစက်ရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ စက်ရုံ ၅ ခုထက်မနည်း ရှိနေသလို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲ ခေါ်ပြီး ဖိအားပေးတာတွေ ကြုံရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

ဆန္ဒပြတဲ့ စက်ရုံတချို့မှာ ညှိနိူင်းတာ အဆင်ပြေပြီး တောင်းဆိုချက်အတိုင်း ရရှိသွားတာရှိသလို ပြေလည်မူမရသေးလို့ ဆက်ပြီးဆန္ဒပြတောင်းဆိုနေကြတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013