Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ် မင်းတက်တောင် ကာကင်းစခန်းကို AA သိမ်းပိုက်ရရှိ
DVB
·
May 20, 2025
Photo: AA Info Desk / ဂွမြို့သိမ်းတိုက်ပွဲ ပုံဟောင်း။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရှိ စစ်ကောင်စီရဲ့ ကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က မေ ၂၀ ရက် ဒီနေ့မနက် သိမ်းပိုက်ရရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မင်းတက်တောင်စခန်းကို ဒီမနက် ၅ နာရီခွဲမှာ AA တပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၇ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က  “ဒီကနေ့ ကျနော်တို့ ကျောက်ဖြူဘက်ခြမ်းမှာ အဓိကတောင်ကုန်းဖြစ်တဲ့ မင်းတက်တောင် ကာကင်းစခန်းကို သိမ်းပိုက်ရရှိပါပြီ၊ မနက် ၅ ခွဲကနေ ထိုးစစ်ဆင်တာ ၇ နာရီလောက်မှာ အပြီးသတ် ရလိုက်ပါတယ်” လို့ ပြောပါတယ်။

အဲဒီ မင်းတက်တောင် ကာကင်းစခန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး AA ဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကျောက်ဖြူမြို့နယ်မှာ ဧပြီ နောက်ဆုံးအပတ်နဲ့ မေ ပထမအပတ်အတွင်း အမှတ် ၃၂ ရဲတပ်ရင်းအနီးနဲ့ ဓညဝတီရေတပ်စခန်းအနီးတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013