Home
နိုင်ငံတကာ
ထိုင်းတွင် ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သိန်းကျော်ရှိ၊  ၂၇ ဦးသေဆုံး 
DVB
·
May 20, 2025
Photo: bangkokpost

 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်ဖြစ်ပေါ်နေပြီး  ၂၀၂၅ ခုနှစ်အတွင်း ကူးစက်ခံရသူပေါင်း ၁ သိန်းကျော်ရှိကာ  ၂၇ ယောက် သေဆုံးတယ်တယ်လို့  ထိုင်းကျန်းမာရေးဝန်ကြီး နိုင်းဆုမ်ဆဒ်ထိပ်ဆုထင်းက မေ ၂၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်ထိ  သီတင်း ၂၁ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၈,၈၉၁ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်၊ ကူးစက်ခံရသူ အများစုမှာ အသက် ၆၀ နဲ့အထက် လူကြီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က ဒီလိုအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄၁၈, ၅၂၈ ရှိပြီး ၁၂၁ ယောက် သေဆုံးတယ်၊ ဒါကြောင့် မနှစ်ကထက်စာရင်တော့ အခြေအနေ မဆိုးရွားဘူး၊ လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး ပြင်းထန်မှုမရှိဘူး၊ ဒါပေမဲ့ မပေါ့ဆဘဲ သတိထားပြီး ကာကွယ်ဖို့  လိုအပ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။ 

ဘန်ကောက် ကျူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဒေါက်တာ ထီလဝေါလ်ထ နာရတ်ကတော့ ကိုဗစ် ၁၉ ကူးစက်မှု ၁၁ ပတ်ဆက်တိုက်ဖြစ်နေတယ်၊ ဒီပုံအတိုင်းဆိုရင် နောက် တပတ်မှာ လူနာဟာ ၂ ဆတိုးလာဖွယ်ရှိတယ်၊ ၃ လအတွင်း အမြင့်ဆုံးအဆင့်ရှိနေတော့ ကာလရှည်သွားနိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ပြောပါတယ်။ 

ဘန်ကောက်မြို့တော် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာန MSD ညွှန်ကြားရေးမှူး နိုင်းလိုတ်လတ် လိလာရုန်းဆိုင်ကလည်း အခုကျောင်းဖွင့်ချိန်ကာလ ကလေးတွေကြား ရောဂါထိန်းချုပ်မှု ပိုပြီး ဆောင်ရွက်နေတယ်၊ မွေးကင်းစကလေးမှ ၄ နှစ်ထိ ကလေးငယ်တွေ ၊ သက်ကြီးရွယ်အိုနဲ့ အတွင်းလူနာ၊  နာတာရှည်လူနာတွေအတွက် ဆေးဝါး၊ ကာကွယ်ဆေးနဲ့ ခုတင်တွေ၊ ဆေးဝန်ထမ်းနဲ့ ကုသရေးကိရိယာတွေ ပြင်ဆင်ပေးဖို့လည်း  သက်ဆိုင်ရာကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဖျားနာတာ၊ ချေင်းဆိုးတာ၊ လည်ချောင်းနာတာ၊ မောပန်းနွမ်းနယ်တာ စတဲ့ လက္ခဏာတွေရှိရင် နှာခေါင်းစည်းတပ်ပြီး ATK ကိရိယာနဲ့ စမ်းသပ်ကြည့်ဖို့၊ MSD အရေးပေါ်ဖုန်းလိုင်း  ၁၆၄၆ ကိုလည်း ဆက်သွယ်နိုင်တယ်လို့  ညွှန်မှူးနိုင်းလိုတ်လတ်က ပြောပါတယ်။ 

Source: PPTVHD36 / Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013