Home
နိုင်ငံတကာ
အာရှတွင် ကိုဗစ်-၁၉ ကူးစက်မှု တိုးလာနေ
DVB
·
May 18, 2025
Photo: freemalaysiatoday

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအသစ်တွေ အာရှတလွှား အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ ထိုင်းနဲ့ စင်ကာပူတို့မှာ ဖြစ်ပွားမှုမြင့်တက်နေလို့ ပြည်တွင်း ပြည်ပက ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေကို မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်နေပါတယ်။

မလေးရှားနိုင်ငံထဲမှာ အပတ်စဉ် ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆၀၀ လောက်ကို မှတ်တမ်းတင်ထားပေမယ့် ကူးစက်မှုက အမျိုးသားအဆင့်သတိပေးမှုထက် လျော့နည်းနေသေးတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီး ဇူခက်ဖလိုင်း အာမဒ်က ပြောပါတယ်။ 

အခုနှစ်အတွင်း ကိုဗစ်-၁၉ နဲ့ ဆက်စပ် သေဆုံးမှု မရှိသေးဘဲ မေ ၁၀ ရက်နေ့အထိ မလေးရှားနိုင်ငံတဝန်း ကူးစက်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၁,၇၂၇ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ်မှာ ကိုဗစ်-၁၉ ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး ဇန်နဝါရီ ၁ ရက်ကနေ မေ ၁၆ ရက်အတွင်း ကူးစက်ခံရသူ ၉၁,၄၄၈ ယောက်နဲ့  သေဆုံးသူ ၂၄ ယောက် ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက အစီရင်ခံခဲ့ပါတယ်။ 

မိုးရာသီစတင်ချိန်၊ စာသင်နှစ်သစ်မှာ ကျောင်းတွေပြန်ဖွင့်တာနဲ့ မကြာသေးမီက သင်္ကြန်ပွဲတော်မှာ လူစုလူဝေးတွေဖြစ်တာနဲ့ ခရီးသွားလာမှုများတာတွေ အပါအဝင် အကြောင်းအချက် အများကြီးကြောင့် ကူးစက်ခံဦးရေ  တိုးလာတာလို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက သတ်မှတ်ထားပါတယ်။ 

ဒီအခြေအနေတွေက အထူးသဖြင့် အသက် မွေးကင်းစကနေ ၄ နှစ်သားကလေးတွေနဲ့ အသက် ၂၀ ကနေ ၃၉ နှစ်ကြား အရွယ်ရောက်ပြီးသူတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု  အရှိန်မြင့်နေပါတယ်။ 

ဘန်ကောက်၊ ချုံဘူရီနဲ့ ရယောင်တို့ဟာ ကူးစက်မှုနှုန်းအမြင့်ဆုံး ပြည်နယ်တွေ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013