Home
နိုင်ငံတကာ
ကာကွယ်ရေးအသုံးစရိတ် ဂျီဒီပီ ၅ ရာခိုင်နှုန်းသုံးရန် NATO အဖွဲ့ဝင်များ သဘောတူဖွယ်ရှိ
DVB
·
May 16, 2025
Photo: Reuters

NATO အဖွဲ့ဝင် နိုင်ငံတိုင်းဟာ လာမယ့် ၁၀ စုနှစ်ကျော်မှာ ဂျီဒီပီ ၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ကာကွယ်ရေးအသုံးစရိတ် အသုံးပြုဖို့ သဘောတူဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက Fox News ရဲ့ “Hannity” အစီအစဉ်မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဂျီဒီပီ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် အသုံးပြုဖို့ တောင်းဆိုထားပြီး အဲဒီတောင်းဆိုမှုကို ဂျာမနီက ထောက်ခံခဲ့ပါတယ်။

ဝန်ကြီး ရူဘီအိုက “NATO ထိပ်သီးအစည်းဝေးလုပ်ဖို့ ၆ ပတ်အလိုတည်းက အဖွဲ့ဝင်နိုင်ငံတိုင်း ကာကွယ်ရေးအသုံးစရိတ် ထည့်သွင်းဖို့နဲ့  ၂ ရာခိုင်နှုန်းကျော်ရောက်ဖို့ တဖြည်းဖြည်း လုပ်ရမှာပါ။ အရေးကြီးတာက အဖွဲ့ဝင်အားလုံး ၄ ရာခိုင်နှုန်းကျော် ရောက်မှသာ လာမယ့် ၁၀ စုနှစ်အတွင်း ၅ ရာခိုင်နှုန်းကို ရောက်မှာပါ။ ဒါဟာ NATO အဖွဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး မဟာမိတ်တွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့ရင် ဒါက သမိုင်းဝင်တဲ့ အဖြစ်အပျက် ဖြစ်လာမှာပါ။ ဒါဟာ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီနေ့တွေ့ဆုံပြီး သဘောတူခဲ့တာပါ” လို့ ပြောပါတယ်။

NATO အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ရေးအသုံးစရိတ်အတွက် ရင်းနှီးမြှုပ်နှံမှု မရှိတာကြောင့် အားနည်းချက်တွေကို ထုတ်ပယ်ဖို့ အမေရိကန်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။ NATO အဖွဲ့ရဲ့ လက်ရှိ ကာကွယ်ရေးအသုံးစရိတ်ဟာ ဂျီဒီပီရဲ့  ၂ ရာခိုင်နှုန်း ရှိပါတယ်။

၂၀၂၂ ခုနှစ်က ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက် ကာကွယ်ရေးအသုံးစရိတ် သတ်မှတ်ထားမှု နည်းလွန်းတယ်လို့ NATO ခေါင်းဆောင်တွေက ဆိုကြပါတယ်။

သည်ဟိတ်မြို့မှာ NATO အဖွဲ့ အစည်းအဝေးမလုပ်ခင် ၆ ပတ်အလိုမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ NATO အဖွဲ့ကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်မှုအရေးကို ကာကွယ်ဖို့နဲ့ ကာကွယ်ရေးအတွက် အမေရိကန်ရဲ့ပံ့ပိုးမှု အားနည်းလာတာကို ကာကွယ်ဖို့ ထရမ့်ပ်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ကြိုးစားလာပါတယ်။

NATO အကြီးအကဲ မာ့ခ်ရူတေက ထရမ့်ပ်ရဲ့ ၅ ရာာခိုင်နှုန်း အသုံးပြုဖို့ တောင်းဆိုမှုကို ၂ ကြိမ်တိုင် အဆိုပြုထားတာ တွေ့ရပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဂျီဒီပီ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုပြီး ၁ ဒသမ ၅ ရာခိုင်နှုန်းကို နယ်စပ်လုံခြုံရေးအတွက် အဆောက်အအုံတွေ၊ ဆိုက်ဘာလုံခြုံမှု စတဲ့နေရာတွေမှာ အသုံးပြုဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013