Home
နိုင်ငံတကာ
ဘိုးအင်းဂျက်လေယာဉ်များ ဝယ်ယူရန် အမေရိကန်နှင့် ကာတာ ဒေါ်လာဘီလီယံ ၂၀၀ တန် စာချုပ်ချုပ်
DVB
·
May 15, 2025
Photo: REUTERS/Brian Snyder

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ထရမ့်ပ်နဲ့ ကာတာစော်ဘွား ရှိတ်ခ်တာမင်းမ်ဘင်န်ဟာမဒ်အယ်လ်-ထာနီတို့ဟာ မြို့တော် ဒိုဟာမှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ကာတာရဲ့ နိုင်ငံပိုင်လေကြောင်းလိုင်း ကာတာ အဲဝေးစ်ဟာ အမေရိကန်ရဲ့ ဘိုးအင်း လေယာဉ်ထုတ်လုပ်ရေးကနေ ဂျက်လေယာဉ်တွေ ဝယ်ယူဖို့အတွက် မေ ၁၄ ရက်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ထရမ့်ပ်ဟာ မေ ၁၃ ရက်က ဆော်ဒီအာရေဗျနဲ့ သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပင်လယ်ကွေ့နိုင်ငံတွေဆီ ခရီးစဉ်အတွင်း ဒုတိယမြောက် ရပ်နားမှုအတွင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

ထရမ့်ပ်နဲ့ ကာတာစော်ဘွားတို့ရဲ့ နောက်မှာ ကာတာလေကြောင်းလိုင်းရဲ့ စီအီးအို ဘာဒါ မိုဟာမဒ် အယ်လ်မီယာနဲ့ ဘိုးအင်း လေယာဉ်ကုမ္ပဏီရဲ့ စီအီးအို ကယ်လီအော့ထ်ဘာ့ဂ်တို့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ကြေးရှိပြီး ဂျက်လေယာဉ် အစီး ၁၆၀ ပါဝင်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ဒါဟာ ဘိုးအင်းရဲ့ ရာဇဝင်မှာ အကြီးမားဆုံး ဂျက်လေယာဉ်အော်ဒါတွေ ဖြစ်ပြီး အရမ်းကောင်းပါတယ်လို့ ဘိုးအင်း စီအီးအိုကယ်လီက သူ့ကိုပြောကြောင်းလည်း ထရမ့်ပ်က ဆိုပါတယ်။

ဒါပေမဲ့ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းက ဘယ်လို ဘိုးအင်း လေယာဉ်မော်ဒယ်တွေဖြစ်မယ်၊ ကာတာက အော်ဒါအမှာစာတွေက ခိုင်မာမှု ရှိ မရှိနဲ့ စရံငွေနဲ့ စာချုပ်ဆိုင်ရာ လိုက်နာရမယ့် အချက်အလက်တွေ သို့မဟုတ် ရွေးချယ်စရာ အများအပြားမှာ ဘာတွေလိုအပ်မယ် ဆိုတာတော့ မရှင်းလင်းပါဘူး။

ဘိုးအင်းဟာ ကက်တလောက်စျေးနှုန်းတွေကို ထုတ်မပေးတော့ဘဲ သူ့ရဲ့ စျေးအကြီးဆုံး ဂျက်လေယာဉ် 777X အတွက် မကြာသေးခင်က ထုတ်ပြန်ထားတဲ့ တန်ဖိုးပေါ် အခြေခံပြီး ခရီးဝေးသွားနိုင်တဲ့လေယာဉ် ၁၆၀ အတွက် သဘောတူညီချက်ဟာ ဒေါ်လာ ၇၀ ဘီလီယံလောက် တန်ကြေးရှိမှာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းတွေဟာ အများအားဖြင့် အစုလိုက်အပြုံလိုက် သဘောတူညီချက်တွေအတွက် လျှော့စျေးတွေ ကြီးကြီးမားမား ရတတ်တယ်လို့တော့ လေကြောင်းနယ်ပယ် အကဲခတ်တွေက ပြောကြပါတယ်။

ဘိုအင်းကို မှတ်ချက်ပေးဖို့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။ ကာတာအဲဝေးစ် ကလည်း ရှင်းလင်းချက် သို့မဟုတ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး‌။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013