
အမေရိကန်ရေတပ်က ပထမနှစ် ဗိုလ်လောင်းတွေဟာ ဟင်းသီးဟင်းရွက်ဆီတွေနဲ့ သုတ်လိမ်းထားတဲ့ မော်ကွန်းကျောက်တိုင်ပေါ် ဖက်တက်ပြီး တိုင်ထိပ်က ဦးထုပ်လဲလှယ်တဲ့ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။
၁၉၅၀ ပြည့်နှစ်ကတည်းက နှစ်စဉ် ကျင်းပလာတာ ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဒီပွဲတော်ဟာ ပထမနှစ် ဗိုလ်လောင်းတွေ စတုတ္ထတန်း ရေတပ်ဗိုလ်လောင်းအဖြစ် တရားဝင်ကူးပြောင်းတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
၂၁ ပေမြင့်တဲ့ ဟန်ဒွန် အထိမ်းအမှတ်ကျောက်တိုင်ထိပ်မှာ တင်ထားတဲ့ လူသစ်တန်းတွေ ဆောင်းတဲ့ Dixie Cup လို့ခေါ်တဲ့ ခွက်ပုံဦးထုပ်နေရာမှာ အတန်းကြီးတွေဆောင်းတဲ့ Combination Hat လို့ခေါ်တဲ့ အရာရှိဦးထုပ်နဲ့ လဲလှယ်ရတာ ဖြစ်ပါတယ်။
မေ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ ပွဲမှာတော့ ၂၀၂၈ နှစ်ကျရင် ကျောင်းပြီးမယ့် ပထမနှစ် ကျောင်းသားတွေ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
ဦးထုပ်လဲဖို့ ၂ နာရီနဲ့ ၂၇ မိနစ် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး ဦးထုပ်လဲဖို့ ကြာတဲ့အချိန်ကို မှတ်တမ်းတင်ထားခဲ့ရာမှာ အရှည်ကြာဆုံးကတော့ ၄ နာရီနဲ့ ၅ မိနစ် ဖြစ်ပါတယ်။
အချိန်အတိုဆုံးနဲ့ ဦးထုပ်လဲနိုင်ခဲ့တာကတော့ ၁၂ မိနစ်ဖြစ်ပြီး အဲဒီစံချိန်တင်တဲ့နှစ်ကတော့ ကျောက်တိုင်မှာ ချောဆီတွေ မသုတ်လိမ်းထားခဲ့ဘူးလို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
Source: Reuters