
ရုရှားနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဂိုလို့စ်ရဲ့ အကြီးအကဲ ဂရီဂိုရီ မယ်လ်ကိုညန့်စ်ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ဖို့ ရုရှားအစိုးရရှေ့နေက မေလ ၁၂ ရက်မှာ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ဒါဟာရာဇ၀တ် ကျင့်ထုံးဥပဒေပုဒ်မမှာ ဖော်ပြထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်လည်း ဖြစ်ပြီး မကြာမီ ရုံးချိန်းမှာ စီရင်ချက်ချဖို့ မျှော်လင့်ထားပါတယ်။
မယ်လ်ကိုညန့်စ်ဟာ မလိုလားအပ်တဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ စွပ်စွဲခံရပြီး ၂၀၂၃ ခုနှစ်သြဂုတ်လမှာ အဖမ်းခံခဲ့ရတာပါ။
မယ်လ်ကိုညန့်စ်ကတော့ သူ့မှာအပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လဲချက် ပေးထားပါတယ်။
Source: Reuters