Home
နိုင်ငံတကာ
ရုရှားက ဆက်လက်တိုက်ခိုက်နေပြီး ဆွေးနွေးရန် အဆိုပြုချက်ကို မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေ 
DVB
·
May 13, 2025
Photo: UKRAINIAN PRESIDENTIAL PRESS SERVICE

ရုရှားဟာ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး အခုသီတင်းပတ်အတွင်း တူရကီမှာ တိုက်ရိုက်ဆွေးနွေးမှု လုပ်မယ်ဆိုတဲ့ အဆိုပြုချက်ကို တုံ့ပြန်ခြင်းမရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၁၂ ရက်မှာ ပြောပါတယ်။

ရုရှားလက်နက်ကြီးတွေနဲ့ ချေမှုန်းမှုတွေ ဆက်ရှိနေကြောင်း ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပြီး မော်စကိုဟာ တိုက်ရိုက် အစည်းအဝေးပြုလုပ်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး တနေကုန် နှုတ်ဆိတ်နေတာဟာ အတော်ကို ထူးဆန်းတဲ့ တိတ်ဆိတ်မှုပဲလို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ့်က ကမ်းလှမ်းထားတဲ့ အစည်းအဝေးကို ထောက်ခံခဲ့ပြီး အခွင့်အလမ်း ရှာလို့ရအောင် သူ့ကို တူရကီမှာ ဆက်ရှိနေစေချင်ပါတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇလန်းစကီးကို ကရင်မလင်ခေါင်းဆောင်ရဲ့ တိုက်ရိုက်ဆွေးနွေးမှုဆိုင်ရာ အဆိုပြုချက်ကို ချက်ချင်းလက်ခံလိုက်ဖို့ လူသိရှင်ကြား ပြောပြီးနောက်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးက သူဟာ မေ ၁၅ ရက်မှာ တူရကီနိုင်ငံမှာ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပြီလို့ မေ ၁၁ ရက် ညပိုင်းမှာ ကြေညာလိုက်ကြောင်း ယူကရိန်း ရုပ်သံလွှင့်ဌာနကထုတ်ပြန်ပါတယ်။

“ကြာသပတေးနေ့မှာ တူကီယဲမှာ ပူတင်ကို စောင့်နေမယ်” လို့  ဇလန်းစကီးက X မှာ ရေးသားခဲ့ပြီး ဒီတခါ ရုရှားတွေက အကြောင်းပြချက်တွေ မရှာတော့ဖို့ မျှော်လင့်ပါတယ် လို့လည်း ဆိုပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီး ဆီဘီဟာကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အစ္စတန်ဘူလ်မှာ ဇလန်းစကီးနဲ့တွေ့ဖို့ကို အဆင်သင့်ဖြစ်နေဖို့ကိုတော့ သံသယရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဇလန်းစကီးရဲ့ ပူတင်နဲ့တွေ့ဆုံရေး အကြံပြုချက်ဟာ ဥရောပခေါင်းဆောင်တွေနဲ့ ဇလန်းစကီးတို့ ပူးပေါင်းပြီး တနင်္လာနေ့ကစပြီး ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတဲ့ ၄၈ နာရီအတွင်း ဖြစ်ရပ်တွေထဲမှာ ထိပ်ဆုံးကို ရောက်လာပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ် ကျူးကျော်မှု အစောပိုင်းလတွေကတည်းက ပထမဆုံးဖြစ်တဲ့ ယူကရိန်း-ရုရှား တိုက်ရိုက်ဆွေးနွေးပွဲ လုပ်မယ့်အစား ပူတင်အတွက်သာ တန်ပြန်အဆိုပြုချက်တခု လုပ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါဟာ ပူတင်က လူကိုယ်တိုင် တက်ရောက်မယ်လို့ ဆိုလိုနေတာ ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပူတင်နဲ့ ဇလန်းစကီးတို့ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက တွေ့ဆုံခြင်းမရှိသေးဘဲ အချင်းချင်း ပြစ်တင်ရှုတ်ချတာကိုလည်း လျှို့ဝှက်ထားခြင်း မရှိပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013