Home
မြန်မာသတင်း
ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတွင် မြေငလျင်များထပ်လှုပ် 
DVB
·
May 9, 2025

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ   မေ ၉ ရက် မနက်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်သွားတယ်လို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် မြန်မာစံတော်ချိန် မနက် ၇ နာရီ ၁၈ မိနစ်လောက်မှာ ညောင်လေးပင်မြို့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ ဒီနက် ၇ နာရီ ၁၈ မိနစ်ကျော်က လှုပ်ခဲ့တဲ့ ငလျင်ဟာ အင်အားပမာဏ  ရစ်ချ်တာစကေး ၃ ဒသမ ၂၊ အနက် - ၁၅ ကီလိုမီတာရှိပြီး ဗဟိုချက်တည်နေရာက ကျောက်တံခါးမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မတ်လ ၈ ရက် နေ့လယ် ၂ နာရီ ၈ မိနစ်ကျော်လောက်ကလည်း  အင်အားပမာဏ ရစ်ချ်တာစကေး  ၃ ဒသမ ၁ ၊ အနက် ၁၅ ကီလိုမီတာရှိ မြေငလျင်တခု ပုသိမ်ကြီးမြို့ရဲ့ အနောက်တောင်ဘက် ၄  မိုင်ခန့် အကွာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ ဒီငလျင်ဟာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အရှေ့တောင်ဘက် ၉ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မေလ ၇ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်ကလည်း ပဲခူးတိုင်း၊ ဖြူးအရှေ့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး  ရစ်ချ်တာစကေး ၄ ဒသမ ၀ ရှိငလျင်နဲ့ နေ့လယ် ၁ နာရီ ၅၈ မိနစ်မှာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲရွာအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့အညီ နေထိုင်ကြဖို့ NUG အစိုးရက ပြည်သူတွေကို ထပ်မံအသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013