Home
မြန်မာသတင်း
ငလျင် ကူညီကယ်ဆယ်ရေးလုပ်ကြရန် PDF တပ်ဖွဲ့များကို NUG ညွှန်ကြား
DVB
·
March 29, 2025
ပုံစာ - NUGရဲ့ ပအဖ၊ ပကဖ အဖွဲ့ဝင်များနှင့် ပြည်သူများ စစ်ကိုင်းတိုင်းအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေစဉ်
ပုံစာ - NUGရဲ့ ပအဖ၊ ပကဖ အဖွဲ့ဝင်များနှင့် ပြည်သူများ စစ်ကိုင်းတိုင်းအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေစဉ်
ပုံစာ - NUGရဲ့ ပအဖ၊ ပကဖ အဖွဲ့ဝင်များနှင့် ပြည်သူများ စစ်ကိုင်းတိုင်းအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေစဉ်

ငလျင်ဘေးဒဏ်ကြုံရတဲ့ နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မိမိတို့နယ်မြေအတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး တတ်စွမ်းသမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးကြဖို့နဲ့ လိုအပ်ချက်တွေ၊ ဆောင်ရွက်ထားရှိမှု အခြေအနေမှတ်တမ်းတွေကို သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်မှတဆင့် တင်ပြဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပအဖ၊ ပကဖ အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေဟာ စစ်ကိုင်းတိုင်းအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေတယ်လို့လည်း NUG က ဒီနေ့ မတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ  မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂  ယောက် အထိရှိလာပြီး ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက်နဲ့ ပျောက်ဆုံးနေသူ အယောက် ၃၀ ရှိပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ ရှမ်းပြည်နယ်၊ နေပြည်တော်တို့ကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားသလို နိုင်ငံတကာ အကူအညီတွေလည်း တောင်းခံထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013