Home
နိုင်ငံတကာ
ရက် ၃၀ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်အတိုင်း ရပ်တည်နေဟု ဇလန်းစကီး ပြော
DVB
·
May 8, 2025
Photo: Reuters

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူ့နိုင်ငံဟာ ရုရှားနဲ့ စစ်ပွဲအတွင်း ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်းဖို့ သူ့ရဲ့ကမ်းလှမ်းချက်အတိုင်း ရပ်တည်ကြောင်း မေ ၇ ရက်မှာ ပြောကြားခဲ့ပြီး ကရင်မလင်ကတော့ ဒီကမ်းလှမ်းချက်အပေါ် ဘာမှ မတုံ့ပြန်သေးပါဘူး။

“တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး အနည်းဆုံး ရက်ပေါင်း ၃၀ လောက် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့  ယူကရိန်းရဲ့ ကမ်းလှမ်းချက်က ဒီနေ့အထိ အသက်ဝင်ဆဲဖြစ်ပြီး သံခင်းတမန်ခင်းကို အခွင့်အရေးပေးနိုင်တဲ့ ဒီကမ်းလှမ်းချက်ကို ရုပ်သိမ်းမှာ မဟုတ်ပါဘူး” လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ဒါပေမဲ့ ရုရှားဘက်မှာတော့ တုံ့ပြန်ချက်မရှိဘဲ ရုရှားဆီက တုံ့ပြန်မှုကို ကမ္ဘာက မမြင်ရကြောင်းနဲ့ တိုက်ခိုက်မှုအသစ်တွေ လုပ်တာကလွဲလို့ ဘာတုံ့ပြန်မှုမှ မရှိဘူး။ ဒါကပဲ စစ်ပွဲကို ဘယ်သူစတင်လဲဆိုတာ အားလုံးကို အထင်အရှား ပြသနေတာပါ” လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မော်စကိုဟာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုကို ဆန့်ကျင် ဟန့်တားနေတဲ့ ဘယ်လိုအကြံပြုချက်ကိုမဆို ပယ်ချခဲ့ပါတယ်။

၂ ဖက်စလုံးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာဇီဂျာမနီကို အောင်ပွဲခံတဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရုရှားက အဆိုပြုထားတဲ့ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး မတိုင်ခင် နာရီပိုင်းအလိုမှာ ပြောဆိုခဲ့ကြတာပါ။

ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အခမ်းအနားတွေ နီးကပ်လာချိန်မှာ ဇလန်းစကီးဟာ မော်စကိုမြို့ အပါအဝင် ရုရှားနေရာတွေကို ပစ်မှတ်ထားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု အများအပြားကို အသိအမှတ်ပြုထားပုံ ပေါ်ပါတယ်။

အမေရိကန်ဟာ မတ်လက ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့ပြီး ယူကရိန်းက သဘောတူခဲ့ပါတယ်။

ရုရှားကတော့ ဒီအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ဖို့ စည်းမျဉ်းစနစ်တွေ ရှိပြီးမှသာ အဲဒီအစီအမံကို စတင်လုပ်ဆောင်နိုင်မယ်လို့ ပြောထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013