Home
မြန်မာသတင်း
ဆောမြို့နယ်တွင် စစ်တပ်ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံး၊ ကျောင်းနှင့်နေအိမ်များ ပျက်စီး
DVB
·
May 2, 2025
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း
Photo: ယောအလင်းတန်း

မကွေးတိုင်း၊ ဆောမြို့နယ်ထဲက ကျေးရွာကို မေ ၁ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့သလို အပြင်းအထန် ဒဏ်ရာရသူတွေလည်းရှိကာ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ​တာဝန်ခံ ကိုအောင်ကြီးက “ဆောမြို့နယ်ထဲက အညာကတင်းရွာကို စစ်တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံး ၂ လုံး ကြဲသွားတယ်။ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ကြဲတာပါ။ ပြည်သူ ၄ ယောက် ဆုံးပါတယ်။ ဆုံးသွားတဲ့အထဲမှာ အသက် ၈ နှစ်အရွယ် ကလေးတယောက် ပါတယ်။ ကျန်တဲ့ ၃ ယောက်ကလည်း အမျိုးသမီးတွေပါပဲ” လို့ ပြောပါတယ်။

နေရာမှာတင် သေဆုံးသွားကြသူတွေဟာ အသက် ၆၅ နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင်နဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်ပြားသာ တို့ဖြစ်ပြီး အသက် ၈ နှစ်အရွယ် မခွန်းဆက်ချို ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးခန်းကို ပို့ဆောင်နေချိန် လမ်းမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက စာသင်ကျောင်းဆောင်တွေနဲ့ လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို ကလေးငယ် ၂ ယောက်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံ ဆရာကျော်က “လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လေယာဥ်က တံတားဦးလေဆိပ်ကနေ တက်လာတယ်လို့ သိရပါတယ်။ အညာကတင်းရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သက်သက်မဲ့ ပြည်သူကို ပစ်မှတ်ထားပြီး AirStrike လုပ်သွားတာပါ။ မထင်မှတ်ထားဘဲ ဗုံးကြဲခံရတော့ အဲဒီရွာကပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိတာပါ။ နောက်ထပ် လာကြဲမှာကြောက်လို့ ကျန်တဲ့ရွာခံတွေလည်း ရွာပြင်တွေမှာ ထွက်နေနေကြတယ်။ စစ်တပ်က ယောဒေသကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်။ ဒါကြောင့်မို့လို့လည်း ပြည်သူတွေအနေနဲ့ လေကြောင်းရန်သတိပေးချက်တွေကို မပြတ်နားထောင်ကြဖို့ လိုပါတယ်။ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့လိုပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း​အထက်ပိုင်းက ယောဒေသဟာ တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတခုဖြစ်လို့ အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း ယောဒေသက ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောနဲ့ ကျောက်ထုမြို့နယ်တွေကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးကျေးရွာ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဆရာဝန်တွေ အပါအဝင် ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013