Home
နိုင်ငံတကာ
တရုတ်နိုင်ငံ စားသောက်ဆိုင် မီးလောင်မှုအတွင်း လူ ၂၂ ဦး သေဆုံး
DVB
·
April 30, 2025
Photo: Reuters

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ လျောင်းယန်မြို့ လူနေရပ်ကွက်တခုက စားသောက်ဆိုင်တဆိုင်မှာ ဧပြီ ၂၉ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။ 

မျက်မြင်သက်သေတွေဆီက ရတဲ့ ဗွီဒီယိုမှတ်တမ်းထဲမှာတော့ စားသောက်ဆိုင်မှ မီးတောက်တွေနဲ့ မီးခိုးလုံးတွေ ထူထပ်မည်းမှောင်နေကာ အရေးပေါ်ကားတွေ ဥဩဆွဲပြီး အနီးကို ချဉ်းကပ်လာကြတာတွေကို မြင်တွေ့ရပါတယ်။ 

မီးလောင်ရတဲ့အကြောင်းရင်းကို မဖော်ထုတ်ရသေးပေမဲ့ သမ္မတ ရှီကျင့်ဖျင်က ဒီအဖြစ်ဆိုးကို “လေးလေးနက်နက် သင်ခန်းစာယူစရာ” အဖြစ် ဖော်ပြခဲ့ပြီး ဒဏ်ရာရသူတွေကို အဆောတလျင် ဆေးကုသပေးဖို့၊ မီးလောင်မှုရဲ့ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေ တာဝန်ခံကြဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013