Home
နိုင်ငံတကာ
တရုတ်နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း ထက်ဝက်နီးပါး စျေးကွက်သစ်များ ရှာနေ
DVB
·
April 30, 2025
Photo :Reuters

တရုတ် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီ အများအပြားဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးလုပ်ငန်းကို အရှိန်လျှော့ဖို့ ထွန်းသစ်စ စျေးကွက်သစ်တွေ ချဲ့ထွင်တာနဲ့ ပြည်တွင်းမှာ အရောင်းမြှင့်တင် တာတွေ အပါအဝင် တခြားရွေးချယ်စရာတွေကို တက်တက်ကြွကြွ ရှာဖွေနေကြ တယ်လို့ နိုင်ငံ တကာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ (CCPIT) က မကြာသေးမီက စစ်တမ်းထုတ်ပြန်ပါတယ်။

တရုတ် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီတွေ အပေါ် အမေရိကန်က ချမှတ်တဲ့ စည်းကြပ်ခွန်တွေရဲ့ အကျိုးသက်ရောက်မှုကို ပိုနားလည်ဖို့နဲ့ နိုင်ငံတဝန်းက ကုမ္ပဏီပေါင်း ၁,၁၀၀ ကျော် ပါဝင်တဲ့ ပစ်မှတ်ထားတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ဆောင်မှုတွေပေးဖို့ ဒီစစ်တမ်းကို လုပ်ခဲ့တာလို့ CCPIT ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောက်ဖင်းက ဧပြီ ၂၈ ရက် မြို့တော် ဘေဂျင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

စစ်တမ်းကောက်ယူခဲ့တဲ့ ကုမ္ပဏီအရေအတွက် ၅၀ ရာခိုင်နှုန်းနီးပါးက အမေရိကန်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို လျှော့ချဖို့ စီစဉ်နေပြီး ၇၅ ဒသမ ၃ ရာခိုင်နှုန်းကတော့ အမေရိကန်ဆီ ပို့ကုန်လျှော့ချမှုကို ထေမိစေဖို့ ထွန်းသစ်စ ဈေးကွက်တွေဆီ ဝင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျောက်က ပြောပါတယ်။

အကောက်ခွန်မူဝါဒတွေ မကြာမကြာ ပြောင်းနေတာဟာ မသေချာမရေရာမှုတွေ သိသိသာသာ တိုးလာပြီး  ရေရှည်အစီအစဉ်ဆွဲဖို့ ခက်ခဲစေတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့ ကုမ္ပဏီတွေက ပြောတဲ့အကြောင်း ကျောက်က ပြန်ပြောပြပါတယ်။

နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စေဖို့ ရည်ရွယ်တဲ့ မူဝါဒတွေနဲ့ လုပ်ငန်းအများအပြားဟာ အစားထိုးဈေးကွက်တွေကို ရှာတာ၊ ပြည်တွင်းမှာ အရောင်းတိုးမြှင့်တာနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ ခံနိုင်ရည်အားအားကောင်းလာစေတာတွေ အပါအဝင် ဖြေရှင်းချက်တွေကို လုပ်ငန်းအများ အပြားက တက်တက်ကြွကြွ ရှာဖွေနေကြတယ်လို့ ကျောက်က ပြောခဲ့ပါတယ်။ 

CCPIT ဟာ နိုင်ငံရပ်ခြားမှာ ပြပွဲတွေ ကျင်းပဖို့၊ ပြပွဲတွေမှာ ပါဝင်ဖို့ ကြိုးပမ်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အတည်ပြုချက် လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို ဆိုပါတယ်။ 

အခုအချိန်အထိ ၂၀၂၅ ခုနှစ်အတွက် ပြည်ပပြပွဲပေါင်း ၁,၂၃၅ ခုကို အတည်ပြုထားပြီး ကုန်သွယ်မှုဆိုင်ရာ အပ်ဒိတ်ပေါင်း ၁၀,၀၀၀ နီးပါးကို လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပလက်ဖောင်းပေါ်မှာ လွှင့်တင်ထားပြီးပြီလို့ CCPIT ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောက်ဖင်းက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို ပြည်ပစျေးကွက် အပြောင်းအလဲတွေအကြောင်း အသိပေးပြီး အခွင့်အလမ်းအသစ်တွေကို ရယူနိုင်ဖို့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။  

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013