Home
မြန်မာသတင်း
SSPP နှင့် MNDAA တို့ ကြား စစ်ရေးတင်းမာမှု ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်
DVB
·
April 30, 2025
Photo: SSPP Info

ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDJP/MNDAA) တို့အကြား စစ်ရေးတင်းမာနေတာကြောင့် နှစ်ပါတီဗဟိုအဆင့်တွေ့ဆုံဖြေရှင်းသွားကြမယ်လို့ ဧပြီ ၃၀ ရက်မှာ SSPP ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ SSPP/SSA နဲ့ MNDJP/MNDAA တို့ စစ်ရေးထိတွေ့မှု ၈ နေရာနဲ့ နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ် ထိုးကြိတ် ရိုက်နှက်ဖမ်းဆီးမှု ၂၄ နေရာရှိခဲ့ပြီး စစ်‌ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း MNDAA နဲ့ SSPP အောက်ခြေတပ်ဖွဲ့ဝင်တွေကြား ဘာသာစကား ပေါက်ကြားမှုအားနည်းတာ ၊ SSPP နယ်မြေဖြတ်သန်းခွင့် MNDAA ဗဟိုက တရားဝင်အကြောင်းကြားမှု အားနည်းတာတွေကြောင့် မကျေမနပ်ဖြစ်လာရာကနေစတင်ပြီး မလိုလားအပ်တဲ့ ထိပ်တိုက်ဖြစ်ပွားမှု တွေဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီ အေးအတူပူအမျှ အမှီသဟဲပြုပြီး ကူညီရိုင်းပင်းရပ်တည်လာခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013