Home
နိုင်ငံတကာ
ကနေဒါ ရွေးကောက်ပွဲ အာဏာရလစ်ဘရယ်ပါတီ တကျော့ပြန်အနိုင်ရ
DVB
·
April 29, 2025
Photo: REUTERS/Jennifer Gauthier L

ကနေဒါ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ်ပါတီက တကျော့ပြန်အနိုင်ရပြီး အစိုးရသစ် ပြန်ဖွဲ့နိုင်တော့မယ်လို့ CBC ရုပ်သံက တွက်ချက်ဖော်ပြပါတယ်။ 

ဧပြီ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် မာ့ခ်ကာနေ ဦးဆောင်တဲ့ လစ်ဘရယ်ပါတီက မဲအများဆုံးရခဲ့ပေမဲ့ ပြတ်ပြတ်သားသား အနိုင်မရခဲ့ဘူး။   

တပါတီတည်း လူများစုဖြစ်ဖို့အတွက် လွှတ်တော်အမတ် နေရာ ၃၄၃ နေရာမှာ ထက်ဝက်ကျော်ရ ဖို့ လိုအပ်ပေမဲ့ လစ်ဘရယ်ပါတီက  ၁၅၆ နေရာမှာပဲ အနိုင်ရ၊ ဒါမှမဟုတ် ဦးဆောင်နေတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။  

ဒါကြောင့် လူနည်းစု အစိုးရ ဒါမှမဟုတ် ညွန့်ပေါင်းအစိုးရ ပုံစံဖွဲ့စည်းရမဲ့ အခြေအနေရှိနေပါတယ်။

ပီယဲ ပိုလီယက်ဗ် ဦးဆောင်တဲ့ အဓိက အတိုက်အခံ  ကွန်ဆာဗေးတစ်ပါတီကလည်း အရင်ရွေးကောက်ပွဲထက် အမတ်နေရာ ပိုရခဲ့ပြီး ၁၄၇ နေရာအထိ အနိုင်ရ၊ အသာရနေပါတယ်။ 

ပိုလီယက်ဗ်က လစ်ဘရယ်ပါတီ အစိုးရဖွဲ့နိုင်တော့မယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပေမဲ့ လူထုမဲအရ နှစ်ပါတီစလုံး သူမသာကိုယ်မသာပဲဆိုတဲ့အချက်ကို ထည့်ပြောသွားပါတယ်။

အနိုင်ရသွားတဲ့ လစ်ဘရယ်ခေါင်းဆောင် ကာာနေးကို ဂုဏ်ပြုခဲ့သလို ထရမ့်ရဲ့ တာဝန်ယူမှု ကင်းမဲ့တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပိုလီယက်ဗ်က ပြောပါတယ်။  

ဒေသဆိုင်ရာ ပါတီဖြစ်တဲ့ ဘလော့ဂ် ကွီဘက်ကွာ ပါတီက ၂၅ နေရာမှာ အနိုင်ရ၊ ဒါမှမဟုတ် အသာရနေပါတယ်။ 

အရင်က သုံးကြိမ်ဆက် ရွေးကောက်ပွဲနိုင်ခဲ့တဲ့ လစ်ဘရယ်ပါတီဟာ ဒီနှစ်အစောပိုင်းမှာ အာဏာလက်လွှတ်ရတော့မဲ့ အခြေအနေရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ထရမ့်ရဲ့စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုနဲ့ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက် ပြည်နယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ ကနေဒါရဲ့ နိုင်ငံရေး ရေချိန် ပြောင်းသွားခဲ့ပါတယ်။ 

လစ်ဘရယ်ပါတီခေါင်းဆောင်ဟောင်း ဂျက်စတင်ထရူးဒိုးနေရာ ဆက်ခံတဲ့ မာ့ခ် ကာနေးဟာ အကျပ်အတည်းကာလမှ ထရမ့်ကို ရင်ဆိုင်ပြီး ကနေဒါကို ဦးဆောင်မဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်နိုင်ခဲ့ပါတယ်။ သူဟာ ကနေဒါဗဟိုဘဏ်ဥက္ကဋ္ဌ နဲ့ ဗြိတိန်ဗဟိုဘဏ်ဖြစ်တဲ့ Bank of England ဥက္ကဋ္ဌတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013