Home
နိုင်ငံတကာ
အီရန် ဆိပ်ကမ်းပေါက်ကွဲမှုတွင် သေဆုံးသူ ၄၀၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်ရှိလာ
DVB
·
April 28, 2025
Photo: Reuters

အီရန်နိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်း ဘန်ဒါအဘားစ်မှာ အာကောင်းတဲ့ ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၀ ထက် မနည်းရှိလာပြီး၊ ဒဏ်ရာရသူ ၁၂၀၀ ကျော်သွားပြီလို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားပါတယ်။

ဒါဟာ ဧပြီလ ၂၇ ရက်နှောင်းပိုင်းအထိ သိရသမျှ သေဆုံးအရေအတွက်ပဲရှိသေးပြီးတော့ မီးလုံးဝငြိမ်းအောင်လို့လည်း ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဧပြီလ ၂၆ ရက်နေ့က ဆိပ်ကမ်းမှာ ကုန်သေတ္တာထားတဲ့ စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ ရှာဟစ်ရာဂျီစခန်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြတင်းပေါက်တွေ ကီလိုမီတာတော်တော်များအထိ လွ့င်ကုန်ပြီးတော့ ကုန်သေတ္တာတွေကိုပါ သတ္တုစတွေ ထိခိုက်ခဲ့သလို အတွင်းက ကုန်စည်တွေပါ ပျက်စီးခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်အကြား နျူကလီးယားဆွေးနွေးပွဲ တတိယအချီကို အိုမန်မှာ ပြုလုပ်နေတဲ့အချိန် အခုမတော်တဆမှုဖြစ်ပွားခဲ့တာပါ။

တနင်္ဂနွေနေ့ ညပိုင်းအထိ ဆိပ်ကမ်းနေရာအနှံ့မှာ မီးလောင်နေဆဲဖြစ်ပြီးတော့ ရဟတ်ရယာဉ်တွေ၊ လေယာဉ်တွေပါ သုံးပြီးတော့ မီးသတ်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဆိပ်ကမ်းက ဓာတုပစ္စည်းတွေက ပေါက်ကွဲမှုကို ပိုအားကောင်းစေခဲ့တယ်လို့ ယူဆရပေမဲ့ ဘာကြောင့် ပေါက်ကွဲသလဲဆိုတာ မသိရသေးပါဘူး။

ဒုံးကျည်အတွက် လောင်စာခဲတွေ ကိုင်တွယ်ပုံမှားယွင်းလို့ ပေါက်တယ်ဆိုတဲ့ သတင်းတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းထားပါတယ်။ ရန်သူဘက်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာသာဖြစ်ပြီး ပေါက်ကွဲတဲ့နေရာမှာ စစ်ဘက်ကုန်သေတ္တာတွေ မရှိဘူးငြင်းထားပါတယ်။

ဒီဆိပ်ကမ်းမှာ မတ်လတုန်းက ပဲ့ထိန်းဒုံးကျည်တွေမှာ သုံးဖို့ ဆိုဒီယမ်ပါကလိုရိတ်တွေ အမြောက်အမြားကုန်ချခဲ့ပြီးတော့ အဲဒါတွေကိုင်တွယ်တာ အမှားအယွင်းရှိလို့ ထပေါက်တာလို့ ဗြိတိန် လုံခြုံရေးကုမ္ပဏီ Ambrey ကို ကိုးကားပြီးတော့ အေပီသတင်းဌာနက ဖော်ပြပါတယ်။ 

ဇန်နဝါရီလတုန်းက တာလတ်ပစ်ဒုံးကျည် ၂၆၀ လောက် ပစ်လွှတ်ဖို့ လုံလောက်တဲ့ ကုန်ကြမ်းပစ္စည်းတွေ တရုတ်က သွင်းလာတဲ့ သင်္ဘောနှစ်စင်းလည်း ဒီဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တယ်လို့ Financial Times သတင်းစာက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013