Home
မြန်မာသတင်း
မြစ်ကြီးနားတွင် လက်နက်ကြီးကျပေါက်ကွဲပြီး လူငယ် ၁ ဦးသေဆုံး
DVB
·
April 26, 2025
Photo: Padang Shingni
Photo: Padang Shingni
Photo: Padang Shingni
Photo: Padang Shingni

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဧပြီ ၂၅ ရက် ည ၁၁ နာရီခွဲလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မလိခဝန်ထမ်းအိမ်ရာအတွင်း လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ခံတယောက်က “ညက အသံကြားတာပဲ။ အသက် ၁၀ နှစ်ကျော် ကလေးတယောက် သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ လက်နက်ကြီးက ၂ လုံးကျတာ။ မပခ က ပစ်နေတာ။ မနေ့က ညနေကတည်းက လက်နက်ကြီးသံတွေ ကြားနေရတာ။ ညကျတော့ မြို့ထဲ ကျသံကြားရတာပဲ။ ပစ်တာက ဝိုင်းမော်ဘက်ကို ပစ်နေတာ”လို့ ပြောပါတယ်။

သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပတ်သက်ပြီး အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ဗန်းမော်မြို့ ထိုးစစ်ပြန်စတင်လိုက်တဲ့နောက် ဧပြီ ၂၅ ရက် မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမှာ ဧပြီ ၂၅ ရက် မနက်ပိုင်းက စတင်ပြီး လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်နေတာ ဖြစ်ပြီး စစ်ကောင်စီတပ်က မြို့တဘက်ကမ်းရှိ ဝိုင်းမော်မြို့နယ်၊ လမြန်၊ နောင်စီပေါနဲ့ စန်းကားကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်နေတာ ဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013