Home
နိုင်ငံတကာ
DeepSeek က အသုံးပြုသူများ၏ အချက်အလက်ကို ခွင့်ပြုချက်မယူဘဲ ယူနေဟု ကိုရီးယားပြော
DVB
·
April 24, 2025
Photo: REUTERS/Dado Ruvic/Illustration

တရုတ်နိုင်ငံထုတ် AI ကုမ္ပဏီ DeepSeek ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေနဲ့ prompts တွေကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ လွှဲပြောင်းမှုတွေ ပြုလုပ်ကြောင်း တောင်ကိုရီးယား ဒေတာကာကွယ်ရေး အာဏာပိုင်တွေက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် DeepSeek က ချက်ချင်း ပြန်လည်ဖြေရှင်းတာမျိုး မရှိသေးပါဘူး။

ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်မှု ကော်မရှင်ရဲ့ ကြေညာချက်မှာ DeepSeek AI ကုမ္ပဏီဟာ တရုတ်နိုင်ငံရှိ ကုမ္ပဏီတွေကို အချက်အလက်တွေ ပေးပို့ရာမှာ ခွင့်ပြုချက်မယူဘူးလို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ DeepSeek app Download လုပ်တာကို ဖေဖော်ဝါရီလကတည်းက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက DeepSeek ဟာ တခြားအေဂျင်စီတွေလို အသုံးပြုသူတွေရဲ့ ဒေတာ အချက်အလက်တွေကို ကာကွယ်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

အသုံးပြုသူတွေရဲ့ AI prompts တွေကို ပေကျင်းဗိုကာနို အင်ဂျင်တက်ကနိုလိုဂျီ ကုမ္ပဏီထံကို အသုံးပြုသူရဲ့ Device, Network နဲ့ app အချက်အလက်တွေကို ပေးပို့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။

ဒီလိုပေးပို့တာက User experience တိုးအောင်ဖြစ်တယ်လို့ DeepSeek က တုံ့ပြန်ခဲ့ဖူးပါတယ်။

ပြီးတော့ AI prompt တွေကို ဧပြီ ၁၀ ရက်ကစပြီး ပေးပို့မှု ရပ်ဆိုင်းမယ်လို့ ‌DeepSeek က ပြောပါတယ်။

ဒီလို အချက်အလက်ပေးပို့မှုဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

DeepSeek ဟာ Volcano Engine ကို အချက်အလက်ပေးပို့မှုနဲ့ ပြည်ပမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို လွှဲပြောင်းထားရှိဖို့ တရားလမ်းကြောင်းအရ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

DeepSeek AI ကို တောင်ကိုရီးယား၊ ဩစတြေးလျ၊ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတို့မှာ အသုံးပြုခွင့် ပိတ်ပင်ထားပြီး အီတလီနိုင်ငံမှာလည်း ကန့်သတ်မှုတွေ ရှိပါတယ်။

တချို့ ဥရောပနိုင်ငံတွေဖြစ်တဲ့ အိုင်ယာလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန် တို့ကလည်း DeepSeek ရဲ့ ဒေတာစုစည်းမှုနဲ့ ပတ်သက်ပြီး စိတ်ပူမိကြောင်း ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ စက်မှုလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နျူစွမ်းအင်သုံးဌာနတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013