Home
နိုင်ငံတကာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကန့်သတ်ချက်များကို တရုတ် လျှော့ချ
DVB
·
April 24, 2025
Photo: REUTERS/Go Nakamura

တရုတ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေ ပိုပြီး ခွင့်ပြုမှာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ပြည်နယ်စည်းမျဉ်း ထိန်းသိမ်းရေးအဖွဲ့နဲ့ စီမံကိန်းကောင်စီက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ကန့်သတ်လုပ်ငန်းတွေကို လျှော့ချမှာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် ကန့်သတ်လုပ်ငန်း အမျိုးအစား ၁၁၇ ခု ရှိတဲ့နေရာမှာ ၁၀၆ ခုအထိ လျှော့ချပေးမှာဖြစ်လို့ ကဏ္ဍ ၁၁ ခုအထိ လျှော့ချမှာဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ကန့်သတ်ချက် လုပ်ငန်းကဏ္ဍတွေကို တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့် ပြည်တွင်းစားသုံးမှုနဲ့ အိမ်ခြံမြေကဏ္ဍတွေမှာ ကြွေးမြီတင်ရှိမှု စတဲ့ကိစ္စတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကန့်သတ်မှုကို လျှော့ချလာတာ ဖြစ်ပါတယ်။

တရုတ်အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် NDRC က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ၂၀၂၅ မူက ဈေးကွက်ကို လှုံ့ဆော်မှုဖြစ်စေမယ်လို့ ပြောပါတယ်။

NDRC က လုပ်ပိုင်ခွင့်ပေးတဲ့ ကဏ္ဍတွေဟာ လွတ်လပ်မှုရှိလာမှာဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှု၊ ဆက်သွယ်ရေး၊ ဆေးဝါးနဲ့ ဆေးပစ္စည်းများ အွန်လိုင်းက ဝန်ဆောင်မှုပေးမှု၊ ဆေးရုံများရဲ့ ရေဒီယိုသတ္တိကြွဆေးဝါး အသုံးပြုမှုနဲ့ နိုင်ငံခြားက သစ်တောမျိုးစေ့တွေ တင်သွင်းတာတို့ ပါဝင်ပါတယ်။

ပြည်တွင်းအစိုးရအဖွဲ့တွေကလည်း ပို့ဆောင်မှု၊ ကုန်ပစ္စည်းသိုလှောင်မှု၊ ပို့ကုန်ဆောင်ရွက်မှု၊ ယာဉ်ငှားရမ်းမှု ဆားဗစ်တွေကို အားပေးတာ တွေ့ရပါတယ်။

ဈေးကွက်မှာ ဒရုန်းတွေ၊ ဆေးရွက်ကြီးထုတ်ကုန်ထဲမှာ ပါဝင်တဲ့ e စီးကရက်လိုမျိုးတွေလည်း လုပ်ပိုင်ခွင့်စာရင်းထဲမှာ ပါဝင်လာတယ်လို့ စည်းကမ်းထုတ်ပြန်ရေးက ပြောပေမဲ့ အတိအကျ ပြောဆိုထားခြင်းမျိုး မရှိပါဘူး။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013