Home
အားကစား
မန်ယူတိုက်စစ်မှူး ဟွိုက်လန်းကို ပေါင်သန်း ၃၀ ခန့်ဖြင့် ရောင်းမည် 
DVB
·
April 24, 2025
Photo: REUTERS/Peter Powell

မန်ယူအသင်းဟာ တိုက်စစ်မှူး ဟွိုက်လန်းအတွက် ပေါင်သန်း ၃၀ လောက် ရရှိရုံနဲ့ လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၂၈ ပွဲမှာ ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဟွိုက်လန်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လာတဲ့ မန်ယူအသင်းဟာ ပေါင်သန်း ၃၀ လောက် ရရှိရုံနဲ့ ရောင်းထုတ်ဖို့ လက်ခံစဉ်းစားသွားမယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။

မန်ယူအသင်းဟာ ဒိန်းမတ်တိုက်စစ်မှူးအတွက် ပေါင် ၇၄ သန်းနဲ့ အက်တလန်တာကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ပေးရတဲ့ ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ခန့်လောက်နဲ့ ပြန်လည်ရောင်းချဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013