Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဈာပန ကမ္ဘာ့ခေါင်းဆောင်အများအပြား တက်ရန် မျှော်လင့်
DVB
·
April 23, 2025
Photo: Reuters

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဈာပနအခမ်းအနားကို စိန့်ပီတာရင်ပြင်မှာ ဧပြီ ၂၆ ရက် ကျင်းပဖို့ ရိုမန်ကက်သလစ် ရဟန်းအမတ်ကြီးတွေက ဧပြီ ၂၂ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကမ္ဘာတဝန်းက ခေါင်းဆောင်တွေကို ဖိတ်ကြား ကျင်းပမယ့် မြင့်မြတ်တဲ့ အခမ်းအနားအတွက် စင်မြင့်ကို သတ်မှတ်ခဲ့ပါတယ်။

ဗာတီကန်နန်းတော်က ဝတ်စုံပြည့်ဝတ်ထားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဓာတ်ပုံတွေကို ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းအဖြစ် ၁၂ နှစ်ကြာ နေထိုင်ခဲ့တဲ့ ဆန်တာမာတာအိမ်တော်က ဘုရားကျောင်းဆောင်အတွင်း သစ်သားခေါင်းတလားထဲမှာ ပုပ်ရဟန်းမင်းကို ထားရှိပါတယ်။

ခေါင်းတလားရဲ့ တဖက်တချက်မှာ ဆွစ်အစောင့်တပ်တွေက မတ်တပ်ရပ် စောင့်ကြပ်နေကြပါတယ်။

သူ့ရုပ်အလောင်းကို အိမ်တော်နဲ့ကပ်လျက် စိန့်ပီတာ ဘုရားကျောင်းဆီ ဧပြီ ၂၃ ရက် မနက် ၉ နာရီမှာ ရဟန်းအမတ်ကြီးတွေ ဦးဆောင်တဲ့ စီတန်း လှည့်လည်ပွဲနဲ့ ပို့ဆောင်မှာ ဖြစ်ပါတယ်။

သူ့ကိုကြည်ညိုတဲ့ ပြည်သူတွေက ပထမဆုံး လက်တင်အမေရိက ပုပ်ရဟန်းမင်းကို နောက်ဆုံး အလေးပြု ဂါရဝပြုခွင့်ရမှာ ဖြစ်ပါတယ်။

ဈာပနအခမ်းအနားကို စနေနေ့မနက် ၁၀ နာရီမှာ စိန့်ပီတာရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူနဲ့ သူ့ဇနီးဟာ တာဝန်ထမ်းဆောင်ဖို့ ရောမမြို့တော်ဆီကို လေယာဉ်နဲ့သွားမယ်လို့ ပြောပါတယ်။

ဈာပနကိုတက်ရောက်မယ့် တခြား နိုင်ငံတော်အကြီးအကဲတွေထဲမှာ ပြင်သစ်ဇာတိ အာဂျင်တီးနားသမ္မတ၊ ဘရာဇီးသမ္မတနဲ့ ယူကရိန်းသမ္မတတို့ ပါတယ်လို့ ရုံးတွင်း သတင်းရင်းမြစ် တရပ်အရ သိရပါတယ်။

လာမယ့်ရက်တွေအတွင်း ဖြစ်ရပ်တွေကို စိစစ်ဆုံးဖြတ်ဖို့နဲ့ ပုပ်ရဟန်းမင်းအသစ် မရွေးချယ်မီကာလမှာ အသင်းတော်ရဲ့ နေ့စဉ်လည်ပတ်မှုကို ပြန်သုံးသပ်ဖို့ ရောမမြို့တော်က ပုပ်ရဟန်းမင်းကို ရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ ရဟန်းအမတ်ကြီး အားလုံးက အင်္ဂါနေ့မှာ အစည်းအဝေး ဆင့်ခေါ်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013